Thursday, July 2, 2015

တရားမ၀င်သစ်များ သိမ်းဆည်းရမိ၊ ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်

 
 
 Myanmaalinn's photo.
 
စစ်ကိုင်း ဇူလိုင် ၁
စစ်ကိုင်းမြို့ စစ်ကိုင်း-မုံရွာ-ရွှေဘိုသွားကားလမ်း၌ ဇွန် ၂၈ ရက် ညနေပိုင်း က ရွှေတောင်လမ်းအသုံးပြုခကောက်ခံရေး စခန်းအနီး၌ TOYOTA MARK II ယာဉ်ပေါ်မှ တရားမဝင် သစ်တမလန်း ဓားရွေတုံးများ သိမ်းဆည်းရမိပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးခင်မောင်ထွေးနှင့် အဖွဲ့သည် ဇွန် ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က ရွှေတောင်လမ်းအသုံးပြုခကောက်ခံရေးစခန်းအနီး၌ ယာဉ်အမှတ် 5I/---- TOYOTA MARK II ယာဉ်စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မောင်းနှင် ထွက်ပြေးသွားသဖြင့် စစ်ကိုင်းမြို့ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်း-မုံရွာ-ရွှေဘိုကားလမ်း မိုင်တိုင်အမှတ် (၁၇/၆) အနီး၌ ဖမ်းဆီးရမိခဲ့သည်။ ယာဉ်ကို စစ်ဆေးနေစဉ်ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပေါ်ပါ တရားမဝင်သစ်တမလန်း ဓားရွှေတုံးများနှင့် ယာဉ်ကို ပိုးတန်း ရပ်ကွက် မြို့နယ်သစ်တောရုံးတွင် စစ်ဆေးရာ တရားမဝင်သစ်တမလန်း ဓားရွေရှစ်တုံး ဝ ဒသမ ၄၇၇၆ တန်အား ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြို့နယ်သစ်တောဦးစီးဌာနမှ တရားမဝင်သစ် တမလန်းဓားရွေတုံးများကို ပိုးတန်းရပ်ကွက် မြို့နယ်သစ်တောရုံး၌ သိမ်းဆည်း ထားရှိ၍ ယာဉ်ကို မြို့မရဲစခန်းသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ တရားမဝင် သစ်တမလန်းဓားရွေတုံးများ သယ်ယူလာသည့် ပိုင်ရှင်နှင့်ယာဉ်ပိုင်ရှင်တို့ကို ရှာဖွေဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်း(စစ်ကိုင်း)

No comments:

Post a Comment