Thursday, July 2, 2015

တိုင်ပေလေယာဉ်ပျက်ကျရခြင်းမှာ အင်ဂျင်အကောင်းကို စက်ပိတ်ထားမှုကြောင့်ဖြစ်




Myanmaalinn's photo.

တိုင်ပေ ဇူလိုင် ၁


လူပေါင်း ၄၃ ဦးအသက်ဆုံးရှုံးခဲ့ရသည့် ဖေဖော်ဝါရီ လက ထိုင်ဝမ်တွင် ပျက်ကျခဲ့သော ထရန်(စ်)အေးရှား လေကြောင်းမှ လေယာဉ်မှူးသည် လေယာဉ်ရှိအင်ဂျင်နှစ်ခု အနက် အင်ဂျင်တစ်ခုစက်ရပ်သွားပြီး ကျန်အင်ဂျင်ဖြင့် ဆက်လက်သွားနေစဉ် ထိုအင်ဂျင်ကိုပါ ပိတ်ထားလိုက် မှုကြောင့် ဖြစ်ကြောင်း၊ ယင်းကိစ္စကို တိုက်ရိုက်သိသော လူတစ်ဦးက ဗုဒ္ဓဟူးနေ့က ပြောကြားသည်။
တိုင်ပေလေယာဉ်ပျက်ကျမှု နောက်ဆုံးစုံစမ်းစစ်ဆေး ရေးအစီရင်ခံစာကို ကြာသပတေးနေ့တွင် ထုတ်ပြန်မည် ဖြစ်သည်။ အချက်အလက်များအရ ATR-72-600 အမျိုးအစား လေယာဉ်သည် အသစ်နီးပါးဖြစ်ကြောင်း၊ လေယာဉ်ရှိ အင်ဂျင်အကောင်းကို စက်ပိတ်လိုက်ပြီးနောက် ခဏအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လေကြောင်း လုံခြုံရေးကောင်စီမှတ်တမ်းများတွင်မူ လေကြောင်းခရီးအစီအစဉ်၊ လေယာဉ် လမ်းကြောင်း ထိန်းချုပ်မှု၊ ရာသီဥတုအခြေအနေ၊ လေယာဉ်ပိုင်းဆိုင်ရာ အခြားအချက်များကို အဓိကထား စုံစမ်းမှုများပြုလုပ် ခဲ့ကြောင်း၊ ပြည်သူလူထုသို့ အဆိုပါ မှတ်တမ်းကို ချပြခြင်းမရှိသေးကြောင်း သိရသည်။ ထရန်စ်အေးရှား ဘက်မှ နောက်ဆုံးတွေ့ရှိချက်ကို မှတ်ချက်တစ်စုံတစ်ရာ ပေးခြင်းမရှိပေ။
လေယာဉ်ပျက်ကျပြီး နောက်တစ်နေ့တွင် ကနဦး စုံစမ်းစစ်ဆေးမှုကို အသေးစိတ်ပြုလုပ်ခဲ့သော်လည်း ကောင်စီအနေဖြင့် အကြံÓဏ်ပေးခြင်းနှင့် တာဝန်ယူ ဖြေရှင်းခြင်း မရှိခဲ့ပေ။
ဖေဖော်ဝါရီလ ထုတ်ပြန်မှတ်တမ်းအရ လေယာဉ်၏အင်ဂျင်နှစ်ခုအနက် တစ်ခုသည် ချွတ်ယွင်းနေကြောင်း၊ လေယာဉ်မှူးက အခြားကောင်းသော အင်ဂျင်တစ်ခုကို ပိတ်ထားခဲ့မှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း ကောင်စီ ဘက်မှ ပြောသည်။
ခရီးသည် ၅၈ ဦးတင်ဆောင်လာပြီး အင်ဂျင်စက် တစ်ခုနှင့် ပျံသန်းနေသော လေယာဉ်သည် အဆောက် အအုံများအကြား ဒယီးဒယိုင်ဖြစ်နေပြီး တောင်ပံနှင့် တက္ကစီတစ်စီးတို့တိုက်မိကာ မြစ်ထဲသို့ပျက်ကျသွားခြင်း ဖြစ်ပြီး လူ ၁၅ ဦးသာ အသက်ရှင်ကျန်ခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment