Thursday, July 2, 2015

ရွှေ့ပြောင်းသွားလာသူတစ်သိန်းကျော် ဥရောပသို့ဝင်ရောက်






ဝါရှင်တန် ဇူလိုင် ၁

၂ဝ၁၅ခုနှစ် ပထမခြောက်လပတ်အတွင်း ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာသူ ၁၃၅ဝဝဝ ကျော်သည် ရေလမ်းဖြင့် ဥရောပသို့ရောက်ရှိလာကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီအရင်ခံစာအသစ်တစ်ရပ်၌ ဖော်ပြခဲ့သည်။
ရွှေ့ပြောင်းသွားလာသူများသည် ပိုမိုကောင်းမွန်သောဘဝကို ရှာဖွေရန်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။
ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် ပထမခြောက်လပတ်တွင် ရောက်ရှိလာသော ရွှေ့ပြောင်းသွားလာသူအရေအတွက် နှင့်နှိုင်းယှဉ်လျှင် ယခုနှစ် ရောက်ရှိလာသော ရွှေ့ပြောင်းသွားလာသူအရေအတွက်မှာ ၈ဝ ရာခိုင်နှုန်း ပိုများလာကြောင်း ဒုက္ခသည်များဆိုင်ရာ ထိုအစီရင်ခံစာက ဖော်ပြသည်။
ရွှေ့ပြောင်းသွားလာသူအရေအတွက် တိုးတက်များပြားလာခြင်းကို ဖြေရှင်းရန် ဥရောပသမဂ္ဂခေါင်းဆောင်များ အဖြေရှာနေကြသည်။ ရွှေ့ပြောင်းသွားလာသူများသည် အလွန်တရာအန္တရာယ်များသော မြေထဲပင်လယ်ရေပိုင်နက်တွင် လုံခြုံစိတ်ချရမှုမရှိသော လှေငယ်များဖြင့် ဥရောပတောင်ပိုင်းသို့ အများအားဖြင့် သွားရောက်ကြကြောင်း ၄င်းအစီရင်ခံစာ က ဆိုသည်။
ဂရိနိုင်ငံသည် ၂ဝ၁၅ ခုနှစ် ပထမခြောက်လပတ်အတွင်း ရွှေ့ပြောင်းသွားလာသူအများအပြား ဆိုက်ရောက်ရာ ဒေသဖြစ်လာခဲ့ပြီး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရကာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေများဖြင့် အကျပ်တွေ့လျက်ရှိသည်။
ဆိုက်ရောက်အရေအတွက် များပြားလာသောကြောင့် လက်ခံနိုင်စွမ်းနှင့် အခြားအခြေအနေများမှာ မမျှမတ ဖြစ်လာကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

(ရိုက်တာ)

No comments:

Post a Comment