Thursday, July 2, 2015

အမေရိကန်ပြည်တွင်းစစ်ကာလ တောင်ပိုင်းပြည်နယ်များအလံ ထောက်ခံပွဲ ကျင်းပရန် ကေသုံးလုံးအဖွဲ့စီစဉ်




Myanmaalinn's photo.

ချာလက်စ်တန် ဇူလိုင် ၁

ကူကလပ်စ်ကလန် (ကေသုံးလုံး)ခေါ် လူဖြူလူမျိုးကြီးဝါဒီအဖွဲ့အစည်းက ကွန်ဖက်ဒရိတ်အလံ ထောက်ခံ လှည့်လည်ဆန္ဒပြပွဲတစ်ရပ်ကို တောင်ကာရိုလိုင်းနားလွှတ်တော်အနီး၌ ကျင်းပရန် စီစဉ်လျက်ရှိသည်။
အဆိုပါနေရာသည် အတိတ်ကာလကကျင့်သုံးခဲ့သည့် ကျွန်စနစ်နှင့် ဆက်နွှယ်သက်ဆိုင်သည့် အထိမ်းအမှတ်များကို စိစစ်ဝေဖန်မှုများ အထွတ်အထိပ်သို့ ရောက်နေချိန် ပြီးခဲ့သည့် အင်္ဂါနေ့က လူဖြူလူမျိုးကြီးဝါဒီ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး၏ ရုပ်တုကိုဖျက်ဆီးခံခဲ့ရသည့် နေရာ လည်း ဖြစ်သည်။
တောင်ကာရိုလိုင်းနားပြည်နယ် ချာလက်စ်တန်မြို့ရှိ သမိုင်းဝင်ဘုရားရှိခိုးကျောင်းတစ်ခု တွင် လူမည်းအမျိုးသား၊ အမျိုးသမီးကိုးဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပြီးနောက်ပိုင်း အမေရိကန် ပြည်တွင်းစစ်ကာလအလံနှင့် အခြားဆက်နွှယ်သည့် အထိမ်းအမှတ်အရာဝတ္ထု အားလုံးတို့မှာ ရန်စမီးပွားများသဖွယ် ဖြစ်လာကြသည်။
အဆိုပါပစ်ခတ်မှု၌ သံသယရှိသူအသက် ၂၁ နှစ်အရွယ် လူဖြူအမျိုးသား ဒိုင်လန်းရုဖ်က ၄င်းအားလူမျိုးရေးဝါဒီတစ်ဦးအဖြစ် ကြေညာစာတမ်းနှင့်အတူ အမေရိကန် ပြည်တွင်းစစ်ကာလက တောင်ပိုင်းပြည်နယ်များ၏ ကွန်ဖက်ဒရိတ်အလံပုံကိုပါ ဝက်ဘ်ဆိုက်တစ်ခုတွင် တင်ထားခဲ့သည်။
မြောက်ကာရိုလိုင်းနားအခြေစိုက် ကူကလပ်စ်အလန်အဖွဲ့၏ သစ္စာတော်ခံ လူဖြူသူရဲကောင်း များအသင်းတော်က ဆန္ဒပြလှည့်လည်ပွဲကို တောင်ကာရိုလိုင်းနား လွှတ်တော်ပြင်ပတွင် ဇူလိုင် ၁၈ ရက်၌ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူးနစ်ကီဟာလေက အဆိုပါအဖွဲ့အား ပြည်နယ်က ကြိုဆိုထောက်ခံမှုမရှိကြောင်း ပြောကြားသည်။

(ရိုက်တာ)

No comments:

Post a Comment