Wednesday, July 29, 2015

ဟားခါး၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြို၍ အိမ်ထောင်စုအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့


 
ဟားခါး ဇူလိုင် ၂၈
ချင်းပြည်နယ် ဟားခါးမြို့တွင် ဇူလိုင် ၂၄ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေများ တိုက်စား ခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၂၆ ရက်က ဟားခါး-ဂန့်ဂေါကားလမ်း မိုင်တိုင် (၃၁ -၃၂)ကြားတွင် လည်းကောင်း၊ (၄၇) နှင့် (၄၈) ကြားတွင်လည်းကောင်း၊ ဟားခါး-ခွါဘဲကြား ခွါဘဲကျေးရွာမှ ၁ မိုင် ၄ ဖာလုံ ခန့်တွင်လည်းကောင်း မြေပြိုမှုကြောင့် ယာဉ်သွားလာ မှုများ ယာယီရပ်တန့်ခဲ့ရပြီး စက်ယန္တရားဖြင့် ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၂၆ ရက်က ဟားခါးမြို့ဈေးသစ်ရပ်ကွက် အမှတ်(၂) မြို့ပတ်လမ်းနှင့် မတူပီလမ်းကြားရှိ ဦးတီာလ် ဘိခ်နေအိမ်နှင့် ဇူလိုင် ၂၇ ရက်က ဈေးသစ်ရပ်ကွက် မတူပီလမ်းရှိ ဦးလျန်အုပ်နေအိမ်တို့သည် မြေပြိုမှုကြောင့် အန္တရာယ်ရှိသဖြင့် အဆောက်အအုံများအား ဖျက်သိမ်းပြီး ဘေးလွတ်ရာသို့ မိသားစုဝင်များနှင့် ပစ္စည်းများအား ရွှေ့ပြောင်းခြင်းနှင့် ဈေးဟောင်းရပ်ကွက် ဦးဘွေချန်လျန်း နှင့် ဦးဟရမ်ဟရဲအိမ်ကြားရှိ ရေမြောင်း ရေတိုက်စားခြင်း ကြောင့် အန္တရာယ်ရှိသဖြင့် ယင်းနေအိမ်မှ မိသားစုများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး၊ ကယ်ဆယ်ရေးလုပ်ငန်း များကို တာဝန်ရှိသူများက ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)

No comments:

Post a Comment