ဂျကာတာ ဇူလိုင် ၂၈
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက အင်ဒိုနီးရှားသမ္မတ
ဂျိုကိုဝီဒိုဒိုနှင့် တနင်္လာနေ့က ဂျကာတာမြို့၌ တွေ့ဆုံစဉ် ဗြိတိန်နိုင်ငံက
အင်ဒိုနီးရှားနိုင်ငံကို များပြားလှသောအခြေခံအဆောက်အအုံစီမံကိန်းများနှင့်
အကြမ်းဖက်တိုက်ဖျက် ရေးတွင် ကူညီပေးသွားမည်ဖြစ်ကြောင်း
ထုတ်ဖော်ပြောကြားလိုက်သည်။
''အခြေခံအဆောက်အအုံတွေဆောက်လုပ်ဖို့နဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက် ရေးအတွက် ဗြိတိန်နိုင်ငံအနေနဲ့ အင်ဒိုနီးရှားကို အကူအညီပေးသွားဖို့ အသင့်ပါပဲ''ဟု ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ထုတ်ဖော်ပြောကြား လိုက်သည်။
ဗြိတိန်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ် ဆောင်ရန် သမ္မတဝီဒိုဒိုက ဖိတ်ခေါ်ခဲ့ပြီး ဒေးဗစ်ကင်မရွန်းကလည်း အင်ဒိုနီးရှားနိုင်ငံအနေဖြင့် သစ်ထုတ်ကုန်များ၊ အဝတ်အထည်၊ ကော်ဖီနှင့် ရေထွက်ပစ္စည်းထုတ်ကုန်များအပေါ် တင်းကျပ်သည့် သွင်းကုန်ခွန်များကို လျှော့ချပေးရန် တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ဥရောပနိုင်ငံများနှင့်လွတ်လပ်စွာ ကုန်သွယ်ခွင့်ရရှိ ရေး ကြိုးပမ်းလျက်ရှိရာ ယခုနှစ် စက်တင်ဘာလတွင် ဘာလီ၌ကျင်းပမည့် အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု ဆိုသည်။

(ဆင်ဟွာ)
No comments:
Post a Comment