နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည်
အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့အခြေစိုက် အာရှလူမှု အဖွဲ့အစည်းဆိုင်ရာ
မူဝါဒအဖွဲ့ဥက္ကဋ္ဌ (သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ် ဟောင်း) မစ္စတာ
ကီဗင်ရုဒ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ယနေ့နံနက် ၁၁ နာရီတွင်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ
တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းများသည် အပြု သဘော လမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက်လှမ်းနေမှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဒုတိယခြေလှမ်းဖြစ်သော ၂ဝ၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတစွာ ကျင်းပ နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲ အလွန်ကာလများတွင် တည်ငြိမ် အေးချမ်းရေးအတွက် အလေးထား ဆောင်ရွက်နေမှုများကို ဆွေးနွေး ခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးတင် ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)
No comments:
Post a Comment