Thursday, July 2, 2015

အသည်းကွဲနေတဲ့ အိုလီဗာကာလ်ပို



၂ဝ၁၂ ခုနှစ် မယ်စကြာဝဠာ အိုလီဗာကာလ်ပိုသည် အသက် (၂၂) နှစ် အရွယ် ချစ်သူဂျိုးနက်ခ်နှင့် လမ်းခွဲပြီးနောက် နာကျင်ခံစားနေရကြောင်း သူ၏တွစ်တာစာမျက်နှာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
အသက် (၂၃) နှစ်ရှိပြီဖြစ်သော ကာလ်ပိုက ''အသည်းကွဲတဲ့ခံစားချက်က တကယ့်ကို နာကျင်ပါတယ်။ ဒါပေမယ့်လည်း တစ်နေ့ထက်တစ်နေ့ ပိုကောင်း တဲ့ အရာတွေကို ပိုင်ဆိုင်ရဖို့ ကြိုးစားရှာဖွေရဦးမှာပါ''ဟု ရေးသားထားသည်။
သူတို့နှစ်ဦးသည် နယူးယော့ခ်ဖက်ရှင်သီတင်းပတ်တစ်ခုတွင် စတင် ဆုံတွေ့ခဲ့ကြပြီး ၂ဝ၁၃ ခုနှစ် နွေရာသီ၌ ချစ်သူဖြစ်ခဲ့ကြသည်။ ဂျိုးနက်ခ်သည် ကာလ်ပိုအကြောင်းရေးစပ်ထားသော တစ်ကိုယ်တော်တေးစီးရီးကို Jealour" ဖြင့် အောင်မြင်မှုရရှိခဲ့ပြီး အခမ်းအနားအတော်များများကိုလည်း အတူတကွ တက်ရောက်ခဲ့ကြသည်။ သို့သော် ချစ်သူသက်တမ်းနှစ်နှစ်အကြာတွင် ရုတ်တရက်လမ်းခွဲခဲ့ကြခြင်းဖြစ်သည်။
ဂျိုးနက်ခ်နှင့်ပတ်သက်သည့် အမှတ်တရအဖြစ် ကာလ်ပိုက ''၂ဝ၁၄ မယ်စကြာဝဠာပွဲရဲ့ ဖျော်ဖြေပွဲမှာ ပရိသတ်ထဲကိုဆင်းပြီး ကျွန်မရှေ့မှာ ဒူးထောက်ကာ ကျွန်မအတွက် သီချင်းဆိုပေးခဲ့တယ်''ဟု ပြောသည်။
ကာလ်ပိုက ပရိသတ်များသည် သူ့အတွက် ဒဏ်ရာသက်သာစေသည့် ဆေးတစ်ခွက်ဖြစ်ကာ အားပေးသည့် ပရိသတ်များကို ကျေးဇူးတင်ရှိကြောင်းလည်း သူ၏တွစ်တာစာမျက်နှာတွင် ရေးသားထားသည်။
အေးပြည့်

No comments:

Post a Comment