Friday, July 31, 2015

သဘာဝဘေးအန္တရာယ်ကို တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားနိုင်




 
နေပြည်တော်   ဇူလိုင်   ၃ဝ

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တက်ရောက်အမှာစကားပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၆ ရက်ကစတင်၍ တစ်နိုင်ငံလုံးတွင် မိုးအဆက်မပြတ်ရွာသွန်း မှုကြောင့် အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်း၊ ရထားလမ်းနှင့် တံတားများ၊ စိုက်ခင်းများနှင့်လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါကြောင်း၊ အဆက်မပြတ်မိုးရွာသွန်းလျက်ရှိသဖြင့် နိုင်ငံနေရာအနှံ့အပြားတွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ်ပြီး       
လမ်း၊ တံတားများနှင့် စိုက်ခင်းများထပ်မံပျက်စီးခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ် ရွာသွန်းနေချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း တစ်ခုဖြစ်လာပါကြောင်း။
ထိုကဲ့သို့ သဘာဝဘေးအန္တရာယ် များ ဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံ တည်း ဖြစ်ပွားခြင်းမဟုတ်ဘဲ ရာသီ ဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း သဘာဝဘေး အန္တရာယ်ကို   ကြုံတွေ့ခံစားနေရပါ ကြောင်း၊ သဘာဝဘေးအန္တရာယ်ကို တားဆီး၍    မရနိုင်သော်လည်း ကြိုတင်ပြင်ဆင်မှုများဖြင့်  ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် သွားနိုင်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှု အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသ နှင့် ဇလဗေဒဦးစီးဌာနနှင့် ပူးပေါင်း ပြီး မိုးလေဝသသတင်းများကို ရုပ်မြင် သံကြားနှင့် သတင်းစာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှု များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးဒဏ်  ခံစားရသူများ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် စားသောက်ရေး၊ အဝတ်အထည်ရရှိ ရေး၊  တည်းခိုနေထိုင်နိုင်ရေးများကို ဦးစားပေးစီမံဆောင်ရွက်ရန် လိုအပ် ပါကြောင်း။
သဘာဝဘေး  အန္တရာယ်များ ကျရောက်ချိန်တွင်   လတ်တလော ဆောင်ရွက်ရမည့်အပိုင်းနှင့် အချိန်ယူ ဆောင်ရွက်ပေးရမည့် အပိုင်းနှစ်ပိုင်း ရှိပါကြောင်း၊ လတ်တလော ဆောင် ရွက်ရမည့်အပိုင်းမှာ ကူညီကယ်ဆယ် ရေးလုပ်ငန်းဖြစ်ပြီး အစားအသောက် နှင့်  အဝတ်အထည်ထောက်ပံ့ပေး ခြင်း၊     ပျက်စီးဆုံးရှုံးသွားသော လယ်ယာမြေများတွင်   ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌   ချက်ချင်းစိုက်ပျိုးနိုင် အောင် ထွန်ယက်ပေးခြင်း၊ စာသင် ကျောင်းများတွင် ပျက်စီးဆုံးရှုံးသွား သည့် စာအုပ်စာစောင်များကို ဖြည့် တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်း ဆက်သွယ်ရေး ပျက်စီးဆုံးရှုံးမှုများကို  အမြန်  ပြန်လည်တည်ဆောက်ပေး ခြင်းများကို  ဆက်လက်ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊  ရေကြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၊ သက်ဆိုင်ရာ မြို့နယ်များနှင့်ဆက်သွယ်ပြီး ဝန်ကြီး ဌာနအလိုက် စီစဉ်ဆောင်ရွက်ပေးရ မည့် ပျက်စီးဆုံးရှုံးမှုများကို စိစစ်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးရမည်ဖြစ် ပါကြောင်း။
ပြန်လည်ထူထောင်ရေးလုပ်ငန်းအနေဖြင့် ပျက်စီးခဲ့သည့်ကျောင်းများ၊ လမ်းများနှင့် တံတားများကို ပြင်ဆင် တည်ဆောက်ပေးရမည်    ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများမှာ အချိန်ယူဆောင်ရွက်ရမည်ဖြစ်သော်လည်း လတ်တလော သွားလာရေး အဆင်ပြေမှုရှိစေရန် ဘေလီတံတားတည်ဆောက်ပေးခြင်းမျိုးကဲ့သို့ စီမံ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရေဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင်   သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက်  အင်တိုက် အားတိုက်ဖြင့်  ဝိုင်းဝန်းပါဝင် ကူညီ ဆောင်ရွက်ပေးကြရမည်    ဖြစ်ပါ ကြောင်း၊ ရေတိုလုပ်ဆောင်ပေးရမည့် လုပ်ငန်းနှင့် ရေရှည်လုပ်ဆောင်ပေးရ မည့်လုပ်ငန်းများကို အချိတ်အဆက် မိမိဖြင့် စနစ်တကျစီမံဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနများအလိုက်   ရေကြီး နစ်မြုပ်ဒေသများသို့  ကွင်းဆင်းသွား ရောက်ပြီး လိုအပ်ချက်များကို ဦးစား ပေးအလိုက် စီမံဆောင်ရွက်ပေးသင့် သည်များကို အမြန်ဆုံးဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း  ပြောကြား သည်။
ထို့နောက် အမျိုးသား သဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ    ဒုတိယသမ္မတ ဦး`ဉာဏ်ထွန်းက   သဘာဝဘေး ကာကွယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရာတွင် ပြည်သူများ၏ အသက် ဆုံးရှုံးမှုမဖြစ်ပွားစေရန်၊  ထိခိုက် ဒဏ်ရာရရှိမှုများကို  တားဆီးပေး နိုင်ရန်၊  လူထု၏ အိုးအိမ်ပစ္စည်း ဥစ္စာများကို ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်သွားရန်     စသည့်  ရည်ရွယ်ချက်များဖြင့်  စီစဉ်ဆောင် ရွက်လျက်ရှိပါကြောင်း၊    ဗဟို ကော်မတီအနေဖြင့် တိုင်းဒေသကြီး အလိုက် စီမံခန့်ခွဲရေးကော်မတီများ ကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ ဖွဲ့စည်း၍  သဘာဝဘေးကာကွယ် ရေးနှင့်  တုံ့ပြန်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးကာကွယ်ရေးလုပ်ငန်း များ စီမံဆောင်ရွက်ရာတွင် အဆင့် လေးဆင့်ဖြစ်သည့်   သဘာဝဘေး လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက် ခြင်း (Reduction)၊ ကြိုတင် အသင့် ဖြစ်စေခြင်း(Readiness)၊ တုံ့ပြန် ဆောင်ရွက်ခြင်း  (Response)နှင့် ပြန်လည်ထူထောင်ခြင်း(Recovery) ဆိုသည့်   အဆင့်များအားလုံးကို  ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်   ဗဟိုကော်မတီ ဝင်  ပြည်ထဲရေး   ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရေကြီးနစ်မြုပ် ရာဒေသများတွင် လုံခြုံရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ  ဆောင် ရွက်နေမှုအခြေအနေများကို လည်း ကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်   ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က   ရေကြီးနစ်မြုပ်သည့် ဒေသများတွင် ထောက်ပံ့ပေးမှုနှင့် အရန်ထားရှိမှုများ၊ အသိပညာပေးဆောင်ရွက်မှု   အခြေ အနေများကို    လည်းကောင်း    ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍   ဗဟိုကော်မတီ ဝင်   ကာကွယ်ရေး  ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး  ဝေလွင်က စစ်ကိုင်း တိုင်းဒေသကြီး   ကန့်ဘလူမြို့နယ် အတွင်းရှိ မင်းမြင်ရေလှောင်တမံနှင့်  ကောလင်းမြို့၊  ဝန်းသိုမြို့နယ်များ အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ ရာ ဇူလိုင် ၁၈ ရက် မှ ၃ဝ ရက်အထိ တပ်မတော်လေယာဉ် Y-8  တစ်စင်း ဖြင့် တစ်ခေါက်၊ MI-17  ရဟတ်ယာဉ်   သုံးစင်းဖြင့် အခေါက်ရေ ၇ဝ ဖြင့် ကယ်ဆယ်ရွှေ့ပြောင်းရေး  လုပ်ငန်း များနှင့်    ပြန်လည်ထူထောင်ရေး   လုပ်ငန်းများကို  ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း။
ထို့အပြင် တပ်မတော်လေယာဉ် Y-8 တစ်စင်းကို   မိတ္ထီလာမြို့တွင် လည်းကောင်း၊MI-17ရဟတ်ယာဉ် သုံးစင်းကို မုံရွာမြို့တွင် တစ်စင်းနှင့် ကန့်ဘလူမြို့တွင် နှစ်စင်း ဖြန့်ခွဲထား ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင် ရန် အသင့်စုဖွဲ့ထားရှိကြောင်း။
ထို့ပြင်  ကယ်ဆယ်ရေး၊  ရွှေ့ ပြောင်းရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လိုအပ် သလို  စီစဉ်ဆောင်ရွက်ပေးနိုင်ရန် အတွက်  ပလတ်စတစ်တိုက်လှေ အစင်း ၁ဝဝ၊ ယမဟာ အကောင် ၄ဝ၊ ပဲ့ချိတ်စက် ၆၆ လုံးနှင့် အသက်ကယ် အင်္ကျီအထည်  ၄၅ဝ တို့ကို    တိုင်း စစ်ဌာနချုပ်  နယ်မြေများအလိုက် ဖြန့်ခွဲထားရှိပြီး  အရေးပေါ်လိုအပ်မှု ရှိပါက  ထပ်မံဖြည့်တင်းပေးနိုင်ရန် ပလတ်စတစ်တိုက်လှေ  ၄၇ စင်းနှင့် ယမဟာ အကောင် ၄ဝ၊  ပဲ့ချိတ်စက် ၁၇၆ လုံးတို့ကိုလည်း  မင်္ဂလာဒုံတွင် စုဖွဲ့ထားရှိပါကြောင်း။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေတွင်  မွန်ပြည်နယ်အစိုးရ အဖွဲ့နှင့်ညှိနှိုင်းပြီး ရေကြီးသည့်နေရာ များတွင်   ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို    လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် ရဟတ်ယာဉ်သုံးစင်းအား ကန့်ဘလူမြို့၌ထားရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင် ပေးခြင်းကို လည်းကောင်း၊ ကလေးမြို့  နယ်ရှိ  ရေကြီးသည့်နေရာများတွင် နယ်မြေခံတပ်ရင်း   တပ်ဖွဲ့များမှ တပ်မတော်သားများက ကူညီကယ် ဆယ်ရေးလုပ်ငန်းများကို     လည်း ကောင်း   ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
သဘာဝဘေး   ကယ်ဆယ်ရေး လုပ်ငန်းများ ထပ်မံဖြစ်ပွားပါက  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး နိုင်ရန်အတွက် ရန်ကုန်တိုင်းစစ်ဌာန ချုပ်နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင် နှင့်  အဖျောက်မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့်    တပ်ရင်း သုံးရင်းကို ယာဉ်အကြီး  ၂ဝ၊ ဂျွန်ဆင် စက်လှေ ၁ဝ စင်းတို့ဖြင့် အဖျောက်မြို့ တွင် လည်းကောင်း၊ သန်လျင်၊ ဒလ နှင့် မှော်ဘီတပ်နယ်များတွင် တပ်နယ် တစ်ခုစီ၌ ယာဉ်အကြီး  ငါးစီးစီနှင့် ဂျွန်ဆင်စက်လှေ ငါးစင်းစီဖြင့် လည်း ကောင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းတွင်   မော်တော်ယာဉ်အစီး ၄ဝ ကို လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်  နယ်မြေရှိ ကွင်းကောက်ဒေသတွင် ယာဉ်အကြီး ငါးစီး၊ ဂျွန်ဆင်စက်လှေ ၁ဝ စင်းနှင့် အသက်ကယ်အင်္ကျီ  အထည် ၅ဝ၊ ဟင်္သာတမြို့နယ်ရှိ  နယ်မြေခံတပ် ရင်းတွင် ယာဉ်အကြီးငါးစီး၊ ဂျွန်ဆင် စက်လှေ ၁ဝ စင်းနှင့် အသက်ကယ် အင်္ကျီ အထည် ၅ဝ တို့ကို   လည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေတွင် ပဲခူးမြို့ရှိ  နယ်မြေခံ တပ်ရင်း၌  ယာဉ်အကြီး   ငါးစီး၊ ဂျွန်ဆင်စက်လှေ    ၁ဝ စင်းနှင့်    အသက်ကယ်အင်္ကျီ  အထည် ၅ဝ၊   ညောင်လေးပင်မြို့နယ်ရှိ နယ်မြေခံ တပ်ရင်း၌   ယာဉ်အကြီး ငါးစီး၊ ဂျွန်ဆင်စက်လှေ ငါးစင်းနှင့် အသက် ကယ်အင်္ကျီ  ၂၅  ထည်၊  ရွှေကျင် မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ် အကြီး ငါးစီး၊ ဂျွန်ဆင်စက်လှေငါးစင်း နှင့်အသက်ကယ်အင်္ကျီ ၂၅ ထည် တို့ကိုလည်းကောင်း  အသင့်ပြင်ဆင် စုဖွဲ့ထားရှိပါကြောင်း   ရှင်းလင်း တင်ပြသည်။
ထို့နောက် အမျိုးသားသဘာဝ ဘေး ကာကွယ်စောင့်ရှောက်ရေးဗဟို ကော်မတီဝင်များဖြစ်ကြသည့် လယ် ယာစိုက်ပျိုးရေးနှင့်   ဆည်မြောင်း ဝန်ကြီးဌာန၊   ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊  အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုဝန်ကြီးဌာနနှင့် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ     ပြည်ထောင်စု ဝန်ကြီးများက သဘာဝဘေးအန္တရာယ်  ကြုံတွေ့ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကူညီထောက်ပံ့ရေး အတွက်   ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နိုင်မှု  အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထပ် ဆင့်ဖြစ်ပေါ်နိုင်သော အခြေအနေနှင့် ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက် မည့် အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ခံရသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့   ကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေးနှင့်  ပြန်လည် ထူထောင်ရေး  လုပ်ငန်းများဆောင် ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍  နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊    ပြန်ကြားရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်   ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ စွမ်း အင်ဝန်ကြီးဌာန၊   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး များက    သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။

(သတင်းစဉ်)

No comments:

Post a Comment