နေပြည်တော် ဇူလိုင် ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သည်
ဂျပန်နိုင်ငံ ဂျေဂျီစီအုပ်စု၏ ဝါရင့်ဥက္ကဋ္ဌ မစ္စတာ ယိုရှိဟီရို ရှိဂဲဟိစ
ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည် တော်ရှိ
နိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်း အပါအဝင် အခြားသောအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတစ်ဝန်းရှိ လေဆိပ်များ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လေကြောင်းဝန်ဆောင်မှုလုပ်ငန်းများ အကူအညီပေးရေး၊ လမ်းပန်းဆက်သွယ် ရေးဆိုင်ရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးတင်ဦးလွင်၊ ဦးဇင်ယော်၊ ဒေါက်တာ ဇော်မင်းအောင်၊ ဦးစိုးတင့်နှင့်တာဝန်ရှိသူများတက်ရောက်ကြသည်။

(သတင်းစဉ်)
No comments:
Post a Comment