Tuesday, July 28, 2015

မင်္ဂလာဒုံမြို့နယ်တွင် ၁၃၃ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


The Mirror Daily's photo.

နေပြည်တော် ဇူလိုင် ၂၇

မင်္ဂလာဒုံမြို့မရဲစခန်းမှ လှည့်ကင်းအဖွဲ့သည် ဇူလိုင် ၂၆ ရက်က မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ်(၆)လမ်းသွား လမ်းမပေါ်တွင် ယာဉ်အမှတ် 4G/------တပ်ဆင်ထားသည့် KIA BONGO အမျိုးအစား ကွန်တိန်နာဘောက်အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ်ကို မသင်္ကာဖွယ်တွေ့ရှိ၍ ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၇ သိန်း စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃ ဒသမ ၅ ဘီလီယံ)ကို ပိုင်ရှင်မဲ့သိမ်းဆည်းရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ကြေးမုံ)

No comments:

Post a Comment