Friday, July 31, 2015

ဝက်စ်ဘရွန်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး မာဆေးကို ပြန်သွားခဲ့တဲ့ ဒီယာဘိုင်


 




 ကောင်းမြတ်သူ-စုစည်းသည်

အာဆင်နယ် ကွင်းလယ်ကစား သမား ဒီယာဘိုင်ဟာ မြောက်လန် ဒန်ကလပ်မှာ ကိုးနှစ်ကြာကစားခဲ့ ပြီးနောက် ပြင်သစ်ပထမတန်း ကလပ် မာဆေးသို့ပြန်ဖို့ သဘောတူ လိုက်ပြီဖြစ်ပါတယ်။ ဒီယာဘိုင်ယာ ပြီးခဲ့တဲ့ ရာသီက ဒဏ်ရာများကြောင့် ကစားနိုင်ခဲ့ခြင်းမရှိဘဲ အာဆင်နယ် နဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ ကွင်းလယ်ကစား သမား ဒီယာဘိုင်ဟာ အာဆင်နယ် အသင်းမှာ ပွဲပေါင်း ၁၈ဝ ကျော် ပါဝင်ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူ ပေးခဲ့ပါတယ်။ သို့ပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်တာကာလအတွင်း နှစ်ပွဲသာ ကစားနိုင်ခဲ့ပါတယ်။ အသက် ၂၉ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဒီယာဘိုင်ကို ဝက်စ်ဘရွန်းနည်းပြ တိုနီပူးလစ်က ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပြီး ဆေးစစ်မှု တွေပြုလုပ်ခဲ့ပေမယ့် မာဆေးကို ပြန် ဖို့ သဘောတူခဲ့ပါတယ်။ ဒီယာဘိုင် ဟာ ပြင်သစ်လယ်ရွေးစင် ကစား သမားဖြစ်ပြီး ပြင်သစ်အသင်းနဲ့လည်း ၁၆ ပွဲ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ မာဆေးနဲ့ ဒီယာဘိုင်တို့ဟာ အင်္ဂါ နေ့က မူအရ သဘောတူထားပြီလို့ မာဆေးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြ ထားပါတယ်။ ။

No comments:

Post a Comment