Friday, July 31, 2015

မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ် ကာကွယ်ရေးနှင့်လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများဆွေးနွေး


 Myanmaalinn's photo.


နေပြည်တော် ဇူလိုင် ၃ဝ

အိန္ဒိယသမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ နရိန္ဒြာမိုဒီအား ဇူလိုင် ၂၉ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၄ဝ က ဝန်ကြီးချုပ်၏အိမ်တော်၌ သွားရောက်တွေ့ဆုံ သည်။
တွေ့ဆုံပွဲတွင် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ တပ်မတော်နှစ်ရပ်၏ ကာကွယ်ရေး နှင့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ၊ အိန္ဒိယ - ဘင်္ဂလား ဒေ့ရှ် - မြန်မာ - တရုတ်နှင့် အရှေ့အာရှနိုင်ငံများသို့ ကားလမ်း၊ မီးရထားလမ်း များ ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာများ၊ နိုင်ငံခြားခရီးသွားဆိုင်ရာကဏ္ဍနှင့် ပင်လယ်ရေကြောင်း ခရီးသွားလာရေးလုပ်ငန်းဆိုင်ရာများကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။

(မြဝတီ)

No comments:

Post a Comment