Wednesday, July 1, 2015

မန်ယူနောက်တန်းကစားသမားဖီးလ်ဂျုံး စာချုပ်သစ်ချုပ်ဆို


 
မန်ယူနောက်တန်းကစားသမား ဖီးလ်ဂျုံးသည် ၂ဝ၁၉ ခုနှစ်အထိ အိုးထရက်ဖို့ဒ်၌ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်အား ချုပ်ဆိုလိုက်ပြီဖြစ်သည်။
ဖီးလ်ဂျုံးသည် ၂ဝ၁၁ ခုနှစ်အတွင်းက ဘလက်ဘန်း အသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၁၇ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၄င်း၏ ယခင်စာချုပ် သက်တမ်းသည်လည်း တစ်နှစ်ကျန်နေသေးကြောင်း သိရသည်။
အသက်(၂၃)နှစ်အရွယ်ရှိ အင်္ဂလန်ကြယ်ပွင့် ဖီးလ်ဂျုံးသည် မန်ယူအသင်းနှင့်အတူ ပွဲပေါင်း ၁၂၈ ပွဲ ပါဝင်ကစားပေးထားပြီး မန်ယူအသင်းတွင် ဖြတ်သန်းခဲ့ သည့် လေးနှစ်တာကာလအတွင်း ဒဏ်ရာပြဿနာများ ကြောင့် ပုံမှန်ပွဲထွက်ကစားခွင့် ဆုံးရှုံးခဲ့ရသူဖြစ်သည်။
ဖီးလ်ဂျုံးသည် ၂ဝ၁၄-၂ဝ၁၅ ဘောလုံးရာသီ အတွင်း မန်ယူအသင်းနှင့်အတူ ၂၂ ပွဲပါဝင်ကစားပေး ခဲ့ပြီး မန်ယူအသင်းအား ပရီမီယာလိဂ်အမှတ်ပေးဇယား၏ အဆင့်(၄)နေရာသို့ တက်လှမ်းနိုင်ရေး စွမ်းဆောင်ပေး ခဲ့သည့် ကစားသမားများအနက် တစ်ဦးအပါအဝင် လည်းဖြစ်သည်။
ဖီးလ်ဂျုံးသည် ၄င်း၏ ကစားသမားဘဝကို ဘလက်ဘန်းအသင်း၌ စတင်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ် မတ်လ က အသင်းကြီးတွင် စတင်ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။ အင်္ဂလန်လက်ရွေးစင်အသင်းတွင်မူ ၂ဝ၁၁ ခုနှစ်က စတင်ကစားခွင့်ရရှိခဲ့သည်။
(ငွေကြယ်)

No comments:

Post a Comment