Wednesday, July 1, 2015

ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ် တောင်ကိုရီးယားတွင် ရုပ်ရှင်ပွဲတော်ကျင်းပ


 
တောင်ကိုရီးယားနိုင်ငံရှိ ဒုက္ခသည် များအကြောင်း ရိုက်ကူးထားသည့်Korea Refugee Film Festival ကို ဆိုးလ်မြို့ရှိ Art House Momo ရုပ်ရှင်ရုံတွင် စနေနေ့က ပြုလုပ်ခဲ့ ကြောင်း ကိုရီးယားသတင်းစာမျက်နှာ များတွင် ဖော်ပြထားသည်။
ဒါရိုက်တာ ကင်ယွန်စေးရိုက်ကူး သည့် Please Answer Meဟု အမည်ပေးထားသည့် တစ်နာရီကြာရုပ်ရှင်ဇာတ်လမ်းလေးကို ကြည့်ရှုရန် လူအများအပြား လာရောက်ခဲ့ကြ သည်ဟု ရေးသားထားသည်။
ကင်ယွန်စေးသည် ယင်းဇာတ်လမ်း တွင် ဒုက္ခသည်မိသားစုသုံးစု အကြောင်းကို ရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင် ဒုက္ခသည်များအဖြစ် လာရောက်ခိုလှုံ နေထိုင်သူများသည် အခြေအနေပေး လျှင် မိမိနေရပ်ဆီသို့သာပြန်လိုသည် ဟု ပြောဆိုကြသော်လည်း၊ ၄င်းတို့၏သားသမီးများမှာ တောင်ကိုရီးယား နိုင်ငံတွင်ပင် မွေးဖွားကြီးပြင်းလာ သဖြင့် မပြန်ချင်တော့ကြောင်းစသည့် ဒုက္ခသည်များကို မေးမြန်းထားသော အင်တာဗျူးပုံစံဖြင့် ရိုက်ကူးတင်ပြ ထားသည်။
အဆိုပါရုပ်ရှင်ပွဲတော်တွင် Please Answer Me ရုပ်ရှင်အပါအဝင်Life in a Foreign နှင့် Land Good Lie ဇာတ်လမ်းများကိုလည်း ပြသခဲ့ကြောင်း ရေးသားဖော်ပြထား သည်။
-ပန်းသော်တာ-

No comments:

Post a Comment