Thursday, July 2, 2015

မော်တော်ယာဉ် သုံးစီးအတွင်းမှ သိုဝှက်သယ်ဆောင်လာသည့် ကျောက်စိမ်းအရွယ်စုံ သိမ်းဆည်းရမိ



ရန်ကုန် ဇူလိုင် ၁
တရားမဝင်ကုန်သွယ်မှု တားဆီးနှိမ်နင်းရေးဗဟိုကော်မတီ ကွပ်ကဲမှုအောက်ရှိ Mobile Team အဖွဲ့များအနေဖြင့် တရားမဝင် အကောက်ခွန်မဲ့ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများအား အကောက်ခွန်အမှုတွဲဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်း ပေးအပ်ခြင်း၊ လေလံတင်ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ လှုပ်ရှား-၁(နောင်ချို) Mobile Team အခြေပြုစစ်ဆေးသည့်နေရာသို့ ဇွန် ၁၁ ရက်က မန္တလေးမှ မူဆယ်သို့သွားရောက်မည့် 2E/----(Mark II) ယာဉ်အားစစ်ဆေးရာ ကျောက်စိမ်းတုံးအရွယ်စုံ ၁၁၅ ကီလိုကို လည်းကောင်း၊ ဇွန် ၁၁ ရက်တွင် မန္တလေးမှ မူဆယ်သို့ သွားရောက် မည့် 4J/------(Vigo) ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းတုံး အရွယ်စုံ ၇ဝ၅ ကီလိုကို လည်းကောင်း၊ ဇွန် ၁၃ ရက်တွင် မန္တလေးမှ မူဆယ်သို့ သွားရောက်မည့်5A/---- (Van) ယာဉ်အား စစ်ဆေးရာ ကျောက်စိမ်းတုံး အရွယ်စုံ၊ ကျောက်အဝိုင်းပြားအရွယ်စုံ၊ ကျောက် ဖြတ်စ အရွယ်စုံ ၄၈ဝ ကီလိုကိုလည်းကောင်း တရားမဝင် သယ်ဆောင် လာသည်ကို တွေ့ရှိရ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် အမှုတွဲများဖွင့်လှစ်၍ မန္တလေးမြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ မော်တော်ယာဉ် သုံးစီးနှင့် ကျောက်စိမ်းအလေးချိန် ကီလို ၁၃ဝဝ တို့၏တန်ဖိုးမှာ ကျပ်သိန်း ၁၆၈ဝ ခန့်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment