Thursday, July 2, 2015

လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


 
နေပြည်တော် ဇူလိုင် ၁
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စင်ကာပူသမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ် အမျိုးသား လုံခြုံရေးဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေး ဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီး မစ္စတာ တိုချီဟန်း ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေး၊ ဘဏ္ဍာရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထိုသို့ လက်ခံတွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံ သံအမတ် ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။
(သတင်းစဉ်)

No comments:

Post a Comment