Wednesday, July 1, 2015

မြန်မာအမျိုးသမီးများနေ့ ကြိုဆိုဂုဏ်ပြု မိုးရာသီသစ်ပင်စိုက်ပျိုး





The Mirror Daily's photo.


နေပြည်တော် ဇွန် ၃ဝ

၂ဝ၁၅ ခုနှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသည့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သံဝေဇနိယလေးဌာနရှိ လုမ္ဗိနီဥယျာဉ်တော်အတွင်း၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်နန်းရွှေမှုန် တက်ရောက်၍ အထိမ်းအမှတ် ကံ့ကော်ပင်ကို စိုက်ပျိုးပေးသည်။

ယင်းနောက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယကများဖြစ်ကြသည့် ဒေါ်နီနီဝင်း၊ ဒေါ်ကြင်ခိုင်၊ ဒေါ်မြသိင်္ဂီ၊ ဒေါ်ခင်မိမိ၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ ခင်မာထွန်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြ သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ဇနီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပျိုးပင်များအား သတ်မှတ်နေရာများတွင် စိုက်ပျိုးပေးကြသည်။
ယနေ့ကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ စိန်ပန်းကြီး၊ အင်ကြင်း၊ ပိတောက်၊ ပျဉ်းကတိုး၊ ရေသင်းဝင်၊ ယင်းမာနှင့် ကုက္ကိုပင် စုစုပေါင်း အပင် ၃၈ဝ ကို စိုက်ပျိုးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment