Wednesday, July 1, 2015

(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့ ဆက်လက်ကျင်းပ




The Mirror Daily's photo.
 


နေပြည်တော် ဇွန် ၃ဝ

(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမမြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းတွဲ များကို ကြည့်ရှုပြီး တင်ဒါတင်သွင်းကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပရေးဗဟိုကော်မတီနာယက သတ္တုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်နှင့် ကော်မတီဝင်များက ပြပွဲအတွင်း ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှုကို ကြည့်ရှုအားပေးသည်။

ယနေ့တွင် ကျောက်မျက်ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၁၄၅ဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပြီး ဇူလိုင် ၁ ရက်တွင် ကျောက်စိမ်းအတွဲပေါင်း ၁၄၅ဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်လက်ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment