Thursday, July 2, 2015

သံတွဲမြို့နယ်ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်


 
နေပြည်တော် ဇူလိုင် ၁
ရေဘေးသင့် အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း အခမ်း အနားကို ဇွန် ၃ဝ ရက် မွန်းလွဲ ၁ နာရီတွင် သံတွဲမြို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ရေဘေးအန္တရာယ် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများ၊ ရွှေ့ပြောင်းနေရာချထားပေးမှုများ၊ အစားအစာ၊ ရေ၊ ဆေးဝါး များ ထောက်ပံ့ပေးမှု အခြေအနေများ၊ ရွှေ့ပြောင်းနေရာများမှ မူလနေရာများသို့ ပြန်လည်နေရာချထားမှု အခြေအနေများ၊ လမ်း၊ တံတား၊ နေအိမ်ပျက်စီးမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ သံတွဲမြို့နယ် ရေဘေးသင့် အိမ်ထောင်စု ၁ဝ၆ စု၊ အမျိုးသား ၁၉၂ ဦး၊ အမျိုးသမီး ၂၂၇ ဦး၊ စုစုပေါင်း ၄၁၉ ဦးတို့အတွက် နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို အိမ်ထောင်စုတစ်စုခြင်းအလိုက် ပေးအပ်သည်။
ဆက်လက်၍ သံတွဲမြို့နယ် ရေဘေးသင့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး သဘာဝရေဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သည့် သံတွဲ-ဂွ ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ် (၁ဝ/၂၇) ပေ ၄ဝ တံတား၊ မိုင်တိုင်အမှတ် (၁ဝ/၂၇) ပေ၂ဝ တံတား၊ မိုင်တိုင်အမှတ် (၈/၂၇) ပေ ၂ဝ တံတားများ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ပုံမှန်ပြန်လည်သွားလာနိုင်ရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးအောင် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment