Wednesday, July 1, 2015

ငါးကြိမ်မြောက် အမြန်ဆုံးစံချိန်တင်နိုင်တဲ့ ဂတ်လင်း

 
 
 Myanmaalinn's photo.
 
အပြေးသမား ဂျပ်စတင်းဂတ်လင်းဟာ အမေရိကန်ပြေးခုန်ပစ်ချန်ပီယံရှစ် ပြိုင်ပွဲ မီတာ ၂ဝဝ ပြေးပွဲမှာ သူ့ရဲ့ ငါးကြိမ်မြောက် အမြန်ဆုံးစံချိန်ကို တင်နိုင် ခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂတ်လင်းဟာ အော်ရီဂွန်မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ စံချိန် ၁၉ ဒသမ ၅၇ စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ သူဟာ မေလအတွင်းက တင်ထားတဲ့ကမ္ဘာ့စံချိန် ၁၉ ဒသမ ၆၈ စက္ကန့်ကို ချိုးနိုင်ခဲ့ပါ တယ်။ ဂတ်လင်းဟာ ၂ဝ၁၅ ခုနှစ်အတွင်း တာတိုအပြေးပြိုင်ပွဲတွေမှာ အမြန် ဆုံးအပြေးသမားအဖြစ် စံချိန်တင်ထားတာပါ။ သူဟာ မီတာ ၁ဝဝ ပြေးပွဲမှာ လည်း အမြန်ဆုံးစံချိန်တင်ထားပါတယ်။ ၉ ဒသမ ၇၄ စက္ကန့်နဲ့ သူ့ရဲ့ မီတာ ၁ဝဝ ပြေးပွဲမှာ အမြန်ဆုံးအဖြစ် စံချိန်တင်ထားတာဖြစ်ပါတယ်။ သူဟာ သြဂုတ်လမှာ ပေကျင်းမှာကျင်းပမယ့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ မီတာ ၁ဝဝ နဲ့ ၂ဝဝ ကမ္ဘာ့အမြန်ဆုံးစံချိန်တင်ထားတဲ့ ဂျမေကာအပြေးသမား အူစိန်ဘော့ ကို အဓိကယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment