Wednesday, July 1, 2015

ဖီးနဗီးလ် ဗလင်စီယာနဲ့ ဆွေးနွေးပြီ



 

ဖီးနဗီးလ်ကို ဗလင်စီယာက ဆွေးနွေးနေပြီလို့ ဆိုပါတယ်။ စပိန်ကလပ် အနေနဲ့ အင်္ဂလန်နောက်တန်းကစားသမားဟောင်း ဖီးနဗီးလ်ကို အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ခန့်တော့မယ့်အနေအထားရှိပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖီးနဗီးလ်ကို လက်ထောက်နည်းပြခန့်မယ်လို့ ဗလင် စီယာရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သို့ပေမယ့် တရားဝင်စာချုပ်တာ တော့မရှိသေးပါဘူး။ ဆွေးနွေးညှိနှိုင်းနေတဲ့အဆင့်မှာပဲ ရှိနေပါသေးတယ်။ ဖီးနဗီးလ်ဟာ မန်ယူနည်းပြဟောင်း ဒေးဗစ်မိုယက်စ်နဲ့အတူ အလုပ်လုပ်ခဲ့သူဖြစ် ပါတယ်။ ဖီးနဗီးလ်ကို နယူးကာဆယ်ကိုပြောင်းသွားတဲ့ စကော့ကာသိုရဲ့ နေရာမှာ အစားထိုးခန့်အပ်မယ်လို့ ဆိုပါတယ်။ ဗလင်စီယာနည်းပြ နန်နိုက တော့ နဗီးလ်ရဲ့ အတွေ့အကြုံအပေါ် ချီးကျူးပြောဆိုလျက်ရှိပါတယ်။ နဗီးလ် ဟာ မန်ယူနဲ့အတူ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကစားခဲ့တဲ့နောက်တန်းကစားသမား ဖြစ်ပါတယ်။ မန်ယူမှာ အောင်မြင်မှုတွေနဲ့ အတွေ့အကြုံများခဲ့တဲ့ နောက်တန်း ကစားသမားဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment