Thursday, July 30, 2015

နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်အဖြစ် ကိုရီးယားရေတပ်မှ စစ်ရေယာဉ် ရန်ကုန်သို့ ဆိုက်ရောက်





The Mirror Daily's photo.
 


ရန်ကုန် ဇူလိုင် ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ကိုရီးယား သမ္မတ နိုင်ငံရေတပ်မှ စစ်ရေယာဉ် ROKS Wang Geon(978) သည် Capt; Kang Hee Won ဦးစီးသော အရာရှိ ၃၃ ဦး၊ စစ်သည် ၂၆၇ ဦး စုစုပေါင်း ၃ဝဝ လိုက်ပါလျက် ယနေ့မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားသို့ ဆိုက်ရောက်လာရာ အမှတ်(၁) ဗျူဟာစစ်ရေယာဉ်စု ရေယာဉ်စုမှူး ဗိုလ်မှူးကြီးနိုင်မင်းကျော်နှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ စစ်ရေယာဉ်သည် မြန်မာနိုင်ငံတွင် ယနေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ၃ရက်ကြာ နေထိုင်သွားမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ မိတ်ဘက်နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏလာ ရောက်လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံရေတပ်အချင်းချင်းသာမက နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ သတင်း-ကိုကိုဇော် ၊ ဓါတ်ပုံ-ဇော်မင်းလတ်

No comments:

Post a Comment