Thursday, July 30, 2015

ချယ်လ်ဆီးတွင် ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ် ဖယ်လ်ကာအို ပြန်လည်ရောက်ရှိလာမည်




The Mirror Daily's photo.
တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်နှစ်က မန်ယူတွင်ခြေစွမ်းအကျဆင်းဆုံးအခြေအနေနှင့်ရင်ဆိုင်ခဲ့ရသော်လည်း ချယ်လ်ဆီးတွင် ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးအဖြစ်သို့ ပြန်လည်ရောက်ရှိလာမည်ကို သံသယ ဖြစ်စရာမရှိကြောင်း ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ဆိုခဲ့သည်။

၎င်းမှာ ပြီးခဲ့သည့်နှစ်က မိုနာကိုမှ မန်ယူသို့အငှားဖြင့် ပြောင်း ရွှေ့ကစားခဲ့ရာ စုစုပေါင်းလေးဂိုးသာ သွင်းယူနိုင်ခဲ့သည်။ အက်သလက်တီကို အသင်း၌မူ ပွဲပေါင်း ၉ဝ ခန့် ဝင်ရောက်ကစားပေးခဲ့ပြီး သွင်းဂိုး ၇ဝ အထိသွင်းယူပေးနိုင်ခဲ့သည့် ခြေစွမ်းနှင့်ပြောင်းပြန်အချိုးကျသည့်အနေအထားသို့ ရောက်ရှိခဲ့ရခြင်းဖြစ်သည်။

သို့သော်နည်းပြမော်ရင်ဟိုက ဖယ်လ်ကာအိုအား ယုံယုံကြည်ကြည် ဖြင့်ခေါ်ယူခဲ့ပြီး ချယ်လ်ဆီးတွင် ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အဖြစ် ပြန်လည် မြင်တွေ့မည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

မော်ရင်ဟိုက''ဖယ်လ်ကာအိုဟာ မန်ယူမှာ နောက်တန်းကစားသမားတွေကိုဘာမှ အန္တရာယ်မပေးနိုင်ဘဲ ပြိုင်ဘက်ဂိုးပေါက် ဧရိယာအတွင်း လည်စင်းခံရမယ့် သားကောင်လိုမျိုးဖြစ်နေတယ်။သူ့ကိုကျွန်တော်တို့ မခေါ်ယူခင်ကတည်းက သူ့ရဲ့ကြံ့ခိုင်မှုအနေအထားနဲ့ ပတ်သက်ပြီး အသေးစိတ်ကို အသင်းက ဆရာဝန် ရဲ့အတည်ပြုချက်ရပြီးမှသာ ခေါ်ယူခဲ့တာပါ။ မန်ယူမှာ သူခြေစွမ်းကျ ဆင်းခဲ့တာက ကြံ့ခိုင်မှုမပြည့်ဝလို့ မဟုတ်ဘဲ ဂိုးပေါက်ပျောက်နေလို့ ယုံကြည်မှုလျော့နည်းသွားတာကြောင့် ဖြစ်ပါတယ်'' ဟု ရှင်းလင်း ပြောကြားခဲ့သည်။ မေလဲ့သင်း

No comments:

Post a Comment