Tuesday, July 28, 2015

ရေကြီးနစ်မြုပ်တောင်သူများအား မျိုးစပါးထောက်ပံ့၊ လယ်ယာမြေများ အခမဲ့ထွန်ယက်ပေးလျက်ရှိ





The Mirror Daily's photo.
 


ကောလင်း ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်း မြို့နယ်၌ တောင်သူ ၇၈ဝ၉ ဦး၏ မိုးစပါးစိုက်ပြီးဧက ၃၄၆၁၇ ဧက ရေနစ်မြုပ်ခဲ့ပြီး ဇူလိုင် ၂၆ ရက်အထိ ပျက်စီးဧက ၂၈၁၄ ဧကရှိခဲ့ရာ ပြန်လည်စိုက်ပျိုးနိုင်ရန် အတွက် တစ်ဧလျှင် မျိုးစပါးတစ်တင်းနှုန်းဖြင့် နိုင်ငံတော် အစိုးရက အခမဲ့ထောက်ပံ့ပေးလျက်ရှိသည်။ လယ်မြေ များကိုလည်း အခမဲ့ပြန်လည်ထွန်ယက်ပေးလျက်ရှိရာ ကျွဲ၊ နွားမရှိသူများ၊ စက်ကိရိယာနှင့် ကျွဲ၊ နွားမလုံလောက် သူများကို ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်ပေး မည်ဖြစ်ပြီး တောင်သူများ၏ရေနစ်မြုပ်ခဲ့သော လယ်ယာ သုံးစက်ကိရိယာများကိုလည်း အခမဲ့ပြုပြင်ပေးလျက် ရှိသည်။

ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာများ အရောက်သွားရောက်ပြီး စားသောက်ဖွယ်ရာများ၊ ရေသန့် ဘူးများ၊ အဝတ်အထည်များနှင့်အခြားထောက်ပံ့ပစ္စည်းများထောက်ပံ့ဖြန့်ဝေပေးလျက်ရှိပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တပ်မတော်နယ်လှည့်ဆေးကုသမှုအဖွဲ့များက ရေတွင်းရေကန်များကို ဆေးခတ်ခြင်း၊ ဆေးကုသပေးခြင်း၊ မြွေအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ ရေသန့်ဆေးများဖြန့်ဝေပြီး ရေသန့်ပြုလုပ်နည်းများ ပြသခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ကောလင်း မြို့နယ် မြို့ပေါ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းနှစ်ခု တွင် လူဦးရေ ၁၆၄ ဦးရှိပြီး ကျေးရွာ ၁ဝ ရွာရှိ ကယ်ဆယ်ရေးစခန်းများတွင် ၂၈၃၅ ဦးရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)

No comments:

Post a Comment