Wednesday, July 1, 2015

အင်ဒိုနီးရှားတွင် စစ်ဘက်လေယာဉ်ပျက်ကျ၊ လူ ၇၀ ကျော်သေဆုံး




The Mirror Daily's photo.
 


ဂျကာတာ ဇွန် ၃ဝ

အင်ဒိုနီးရှားတပ်မတော်မှ စစ်ဘက်သုံး လေယာဉ်တစ်စင်းသည် အင်္ဂါနေ့က မြောက်ပိုင်း ဆူမတြားပြည်နယ် လူနေရပ်ကွက်တစ်ခုပေါ်သို့ ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၇ဝ ကျော် သေဆုံးခဲ့သည်။

အင်ဒိုနီးရှားလေတပ်မှ စီ-၁၃ဝ သယ်ယူ ပို့ဆောင်ရေးလေယာဉ်သည် မီဒန်မြို့ပေါ်သို့ မွန်းတည့်ချိန်ခန့်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါ်သို့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင် ၁ဝ၁ ဦးနှင့် လေယာဉ် အမှုထမ်း ၁၂ ဦး စုစုပေါင်း လူ ၁၁၃ ဦးစီးနင်းလိုက်ပါ သွားခဲ့ကြောင်း အင်ဒိုနီးရှားစစ်ဘက်က ပြောကြားသည်။ ဒေသခံသတင်းမီဒီယာများ၏ ဖော်ပြချက်အရ လေယာဉ်ပျက်ကျသည့်နေရာတွင် အဆောက်အအုံ နှစ်လုံးနှင့် ကားတစ်စီးပျက်စီးသွားသည်ဟု သိရသည်။ သေဆုံးသူများတွင် မြေပြင်ရှိ အဆောက်အအုံတွင်းမှ လူများ ပါ၊မပါ အသေအချာ မသိရသေးပေ။

လေယာဉ်သည် မီဒန်မြို့ရှိ လေတပ်အခြေ စိုက်စခန်းမှ ပျံတက်ပြီးမကြာမီ ၅ ကီလိုမီတာ ခန့်အရောက်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ပျံတက်ပြီးနောက် ချက်ချင်းဆိုသလို အခြေစိုက် စခန်းသို့ ပြန်လှည့်လာရန် လေယာဉ်မှ အကြောင်းကြားခဲ့ကြောင်း စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

အင်ဒိုနီးရှား စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများသည် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။
အင်န်အိတ်ခ်ျကေ။

No comments:

Post a Comment