Thursday, July 30, 2015

လေပြင်းတိုက်ခတ်မှုကြောင့် ထိန်ပင်ကျေးရွာ အလယ်တန်းကျောင်း အမိုးများပျက်စီး





The Mirror Daily's photo.
 


သထုံ ဇူလိုင် ၂၉

မွန်ပြည်နယ် သထုံမြို့နယ်ရှိ ပင်လယ်နားနီးသော အောက်ကွင်း ကျေးရွာဖြစ်သည့် ထိန်ပင်ကျေးရွာ တွင် ဇူလိုင် ၂၇ ရက် နံနက် ၂ နာရီခန့်က လေပြင်းတိုက်ခတ်မှု ကြောင့် ကျေးရွာရှိ အခြခံပညာ အလယ်တန်းကျောင်း အမိုးသွပ်ပြား အချပ် ၂ဝ ခန့်နှင့် မျက်နှာကြက် ပေ ၆ဝ ခန့် ပျက်စီးခဲ့ကြောင်း သိရ သည်။

အဆိုပါကျောင်းမှာ မတ်လအတွင်း ကMax Myanmar Co.,Ltd မှ ဆောက်လုပ်လှူဒါန်းခဲ့သော ကျောင်း ဖြစ်ပြီး ယခုလေပြင်းတိုက်ခတ်မှု ကြောင့် ငွေကျပ် လေးသိန်းဖိုးခန့် ဆုံးရှုံးခဲ့သည်။ လေပြင်းတိုက်ခတ်မှု အခြေအနေများအား သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို ကွင်းဆင်းဆောင် ရွက်ပေးခဲ့သည်။ ယခုကျောင်းတွင် ပျက်စီးဆုံးရှုံးမှုများ ရှိသော်လည်း ကျေးရွာအတွင်းရှိ လူနေအိမ်ခြေများ၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ ကျောင်းသား ကျောင်းသူများမှာလည်း ပုံမှန်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သက်ဦး(သထုံ)

No comments:

Post a Comment