Thursday, July 2, 2015

အီရန်နျူဆွေးနွေးပွဲ ဇူလိုင် ၇ ရက်အထိ ရက်တိုး


 
ဗီယင်နာ ဇူလိုင် ၁
အီရန်နှင့်ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့သည် တီဟီရန်၏ နျူကလီးယား အစီအစဉ်အပေါ် ပြည့်စုံသော သဘောတူညီချက်ရရှိရန်အတွက် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ ကျင်းပလျက်ရှိသော ၄င်းတို့၏ ဆွေးနွေးပွဲကို နောက်ရက်သတ္တတစ်ပတ်အထိ ရက်တိုးလိုက်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
သဘောတူထားသည့် နောက်ဆုံးသတ်မှတ်ရက်မှာ ဇွန် ၃ဝ ရက်ဖြစ်သော်လည်း ဆွေးနွေးပွဲကာလကို ဇူလိုင် ၇ ရက်အထိ တိုးမြှင့်ရန် ကိုယ်စားလှယ်အဖွဲ့အားလုံးက သဘောတူခဲ့ကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က သဘောတူညီမှုသည် လက်တစ်ကမ်းအကွာသို့ ရောက်ရှိ နေပြီဟု ပြောသည်။ သို့သော် အမေရိကန်သမ္မတ ဘာရက် အိုဘားမားက သဘောတူညီချက်မှာ ကျေနပ်ဖွယ်ရာမရှိခဲ့ လျှင် ဆွေးနွေးပွဲရှေ့ဆက်ရဦးမည်ဖြစ်ကြောင်း ပြောခဲ့ သည်။
အီရန်သမ္မတ ဟတ်ဆန်ရူဟာနီက အခြားတစ်ဖက် မှ သဘောတူညီမှုကို ချိုးဖောက်ခဲ့လျှင် ၄င်းတို့မှန်းဆ ထားသည်ထက် ပိုမိုပြင်းထန်သော လမ်းဟောင်းသို့ ပြန် သွားမည်ဟု သတိပေးခဲ့သည်။
အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား အင်အားကြီးငါးနိုင်ငံနှင့်ဂျာမနီတို့သည် နျူကလီးယား လက်နက်ထုတ်လုပ်နိုင်စွမ်းမရှိစေရန် အာမခံမည့် နျူကလီးယားလှုပ်ရှားမှုများကိုသာ အီရန်အား လုပ်ဆောင် စေရန် အလိုရှိကြသည်။
စီးပွားရေး ချည့်နဲ့စေသော နိုင်ငံတကာ စီးပွားရေး အရေးယူဒဏ်ခတ်မှုကို ရုပ်သိမ်းပေးရန်အတွက် နျူကလီးယားအစီအစဉ်နှင့် အပေးအယူ ပြုလုပ်သည့် အီရန်က၄င်း၏ နျူကလီးယားအစီအစဉ်သည် ငြိမ်းချမ်း စွာ အသုံးပြုရန်ဖြစ်သည်ဟု အခိုင်အမာပြောဆိုလျက်ရှိ သည်။
ရိုက်တာ။

No comments:

Post a Comment