Tuesday, July 28, 2015

ကြေးနီရိုးတူးဖော်ပေးခြင်းကြောင့် နှစ်စဉ် ရေနစ်မြုပ်နေသည့် ဧက ၃ဝဝ ကျော်နှင့် အခြားဧက ၁၂ဝဝ ကျော် ရေလွှမ်းမိုးမှု ကင်းဝေးတော့မည်





The Mirror Daily's photo.
 


စဥ့်ကိုင် ဇူလိုင် ၂၇


စဥ့်ကိုင်မြို့နယ်အတွင်းရှိ သစ်ခေါက်ကျေးရွာ၊ မြောင်းစုံကျေးရွာ၊ ကံဆွယ် ကျေးရွာ၊ အရေးမဆိုကျေးရွာ၊ ခံလူး ကျေးရွာနှင့် လက်ပံချိုင့်ကျေးရွာများ မှ စိုက်ပျိုးတောင်သူများ၏ ရေပိုလျှံ သောအချိန်တွင် စိုက်ပျိုးရေပိုလျှံ ရေများ လွှဲရာနှင့် ရေလိုအပ်သော အချိန်တွင် စိုက်ပျိုးရေ ပြန်လည်ရယူ လျက်ရှိသော ကြေးနီရိုးကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မန္တလေး တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ကာ ပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။

''ဒီကြေးနီရိုးမှာ နှစ်စဉ် ဧက ၃ဝဝ လောက်က ရေအမြဲ အလွှမ်း ခံရတယ်။ ရေကြီးတဲ့အချိန်ဆို ဧက ၁၂ဝဝ ကျော်လောက် ရေနစ် မြုပ်တယ်၊ ဒါကြောင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်တာ၊ လုပ်ငန်းကိုလည်း တင်ဒါအောင်တဲ့ကုမ္ပဏီတွေက ဆောင်ရွက် ပြီး ကျွန်တော်တို့ဌာနက လုပ်ငန်းကြီးကြပ်ဆောင်ရွက်တာပါ''ဟု မြို့နယ် ဆည်မြောင်းဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းသန်း၏ ပြောပြချက်အရ သိရ သည်။

တူးဖော်လျက်ရှိသော ကြေးနီရိုးသည် အရှည်ပေ ၃၁၂၅ဝ ရှိပြီး ကျေးရွာအုပ်စု ခြောက်အုပ်စုမှ တောင်သူများ၏ မြေဧကပေါင်း ၁၂၅ဝ ကို တူးဖော်ပြီးစီးပါက ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပြီး ဇူလိုင် ၁၉ ရက်မှ စတင်ကာ စက်ယန္တရားကြီးများဖြင့် နှစ်ရှည်ခိုင်ခံ့အောင် တူးဖော်နေခြင်းဖြစ်ကြောင်း သိရသည်။

''မြောင်းတူးလိုက်တော့ စိုက်ထားတာတွေ ရေမနစ်တော့ဘူး။ အရင်နှစ် တွေကတော့ စိုက်ထားတာလေးတွေ အမြဲရေနစ်တယ်။ လုပ်သလောက် မရဘူး။ ရေအလွှမ်းမခံရဘူးဆိုရင် လုပ်သလောက် အကျိုးရှိပါတယ်။ နှစ်စဉ် ရေလွှမ်းခြင်းခံရသူ အရေးမဆို ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထွန်းထွန်းနိုင်(ကျောက်ဆည်)

No comments:

Post a Comment