Thursday, July 30, 2015

စပါးက အလိုရှိနေတဲ့ ၀က်စ်ဘရွန်းတိုက်စစ်မှူး

 
 
 Myanmaalinn's photo.
 
စပါးအသင်း အနေနဲ့ လာမယ့်ရာ သီမှာ တောင့်တင်းခိုင်မာတဲ့အသင်း ကောင်းအဖြစ် ဆက်လက်ရပ်တည် သွားနိုင်ဖို့ တိုက်စစ်မှူးကောင်းတွေ ထပ်မံ အားဖြည့်လျက်ရှိရာမှာ ဝက်စ် ဘရွန်းတိုက်စစ်မှူး ဆိုင်ဒိုဘာရာဟီ နိုကို ပေါင်းသန်း ၂ဝ နဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ သို့ ပေမယ့် စပါးကတော့ ပေါင်သန်း ၂ဝ အထိ ပေးပြီးခေါ်ယူဖို့ ဆန္ဒမရှိ ပါဘူး။ ဝက်စ်ဘရွန်းက လိုချင်နေ တဲ့ ဈေးဖြစ်ပါတယ်။
အသက် ၂ဝ အရွယ်သာရှိသေး တဲ့ တိုက်စစ်မှူး ဘာရာဟီနီကို စပါး က နှစ်ရှည် စာချုပ်နဲ့ခေါ်ယူသွား ဖွယ်ရှိနေပါတယ်။ ဒီအတောအတွင်း မှာပဲ အဒီဘာယောကို အက်စ် တွန်ဗီလာအသင်းသို့ အငှားချထား ဖို့နီးစပ်နေပြီဖြစ်ပါတယ်။ ဝက်စ် ဘရွန်းတိုက်စစ်မှူး ဘာရာဟီနိုဟာ စပါးက အဓိကပစ်မှတ်ထားနေတဲ့ အဓိက တိုက်စစ်မှူးဖြစ်လာပါတယ်။ စပါးအနေနဲ့ အသက်အရွယ်ရလာ ပြီဖြစ်တဲ့ တိုက်စစ်မှူး အဒီဘာယော ရဲ့နေရာမှာ ခြေစွမ်းထက်မြက်တဲ့ တိုက်စစ်မှူးကောင်းတစ်ဦးနဲ့ အစား ထိုးဖို့ကြိုးစားနေပါတယ်။
ဝက်စ်ဘရွန်းလူငယ် တိုက်စစ်မှူး ဘာရာဟီနိုအနေနဲ့ ပြီးခဲ့တဲ့ ရာသီက ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်တဲ့အတွက် စပါးက အရခေါ်ယူ ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ နှစ်ဖက်အသင်းတွေရဲ့ ညှိနှိုင်းမှုနဲ့ အတူ လာမယ့်ရာသီမှာတော့ ဘာရာ ဟီနိုအနေနဲ့ စပါးအသင်းသို့ ရောက် ရှိလာနိုင်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment