Thursday, July 30, 2015

ဖမ်းဆီးရမိထားသော တရားမ၀င်သွင်းကုန်များကို မီးရှို့ဖျက်ဆီး



 

နောင်ချို ဇူလိုင် ၂၉
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ ကွပ်ကဲမှု အောက်ရှိ နောင်ချို ရွေ့လျားလှုပ်ရှားမှုအဖွဲ့က ဖမ်းဆီးရမိထားသော တရား မဝင်သွင်းကုန်များ တန်ဖိုးကျပ်သိန်း ၃၅ဝ ကို ဇူလိုင် ၁၆ ရက်က မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
နောင်ချို ရွေ့လျားလှုပ်ရှားမှုအဖွဲ့က ဖမ်းဆီးရမိသည့် အမှုတွဲ ၁၄ ခုမှ အကောက်ခွန်အမှုတွဲဖွင့်လှစ်ပြီး ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသော အရက်၊ ဘီယာများ၊ တရုတ်နိုင်ငံထုတ်မှိုခြောက်ပန်းခြောက်များ၊ မုန့်မျိုးစုံ၊ ခေါက်ဆွဲခြောက်များနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ FDA ထောက်ခံချက် မပါဝင်သော အချိုရည်များ၊ နို့မှုန့်များ၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက် မပါဝင်သော အပင်အားဆေးများကို နောင်ချို ရွေ့လျားလှုပ်ရှားမှုအဖွဲ့တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၊ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သတင်းမီဒီယာများပါဝင်သောအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ကျော်ဆန်းမြင့်(ပြန်/ဆက်)

No comments:

Post a Comment