Thursday, July 2, 2015

(၅၂)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ရက်မြောက်နေ့ ဆက်လက်ကျင်းပ


 
နေပြည်တော် ဇူလိုင် ၁
(၅၂) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (၈)ရက်မြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက် ကျင်းပရာ ပြည်တွင်း၊ပြည်ပရတနာကုန်သည်များက အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည့် ကျောက်စိမ်းတွဲများ ကို ကြည့်ရှုပြီး တင်ဒါတင်သွင်းကြသည်။
ယနေ့ကျင်းပသည့်ပြပွဲသို့ ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်း၏ဇနီး ဒေါ်နန်းရွှေမှုန်နှင့် စင်္ကာပူသမ္မတ နိုင်ငံ ဒုတိယဝန်ကြီးချုပ်မစ္စတာတိုချီဟန်း၏ဇနီး မဒမ်ချု ပို့ရင် တို့သည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ကျောက်စိမ်းအတွဲများကိုအိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ နေမှုနှင့် ကျောက်မျက်ရတနာဆိုင်များ ဖွင့်လှစ်ရောင်းချ နေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။
ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ကျောက် စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချနေမှု ကို ကြည့်ရှုအားပေးခဲ့သည်။
ယနေ့အထိ မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၄၄၉၅ ဦး တက်ရောက်ခဲ့ ပြီး ကျောက်မျက်အတွဲပေါင်း ၁၂၆ တွဲနှင့် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ကျောက်စိမ်းအတွဲပေါင်း ၃၇၂၃ တွဲ ရောင်းချနိုင် ခဲ့ပြီး၂ဝ၁၅ ခုနှစ် ဇူလိုင် ၂ ရက်တွင် အိတ်ဖွင့်တင်ဒါစနစ် ဖြင့်ကျောက်စိမ်းအတွဲပေါင်း ၁၄၅ဝ တွဲကို ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment