Tuesday, June 2, 2015

အက်ဒ်ရှီရန်ရဲ့ သီချင်းသစ် Sweet Mary Jane



အမေရိကန်ပေါ့ပ်အဆိုတော် အက်ဒ်ရှီရန်သည် မေ ၂၉ ရက် ညက အမေရိကန်နိုင်ငံ ကွင်းစ်စီရင်စု Forest Hills အားကစားကွင်း၌ ပြုလုပ်ခဲ့သောသူ၏ မြောက်အမေရိကနယ်လှည့်ဖျော်ဖြေပွဲတွင် သီချင်း သစ်တစ်ပုဒ်ဖြင့် ဖျော်ဖြေခဲ့သည်။
အဆိုပါ သီချင်းကို ရှီရန်က Sweet Mary Jane ဟု မိန်းကလေး တစ်ဦး၏ နာမည်ကို ထည့်သွင်းပေးထားခဲ့ပြီး သူကိုယ်တိုင် ဂီတာတီး၍ ဖျော်ဖြေခဲ့သည်။
သီချင်းအမည်အရ အမျိုးသမီးတစ်ဦးကို ရည်ရွယ်ရေးဖွဲ့သည်ဟု ထင်ရသော်လည်း လူတစ်ဦး၏ စိတ်လှုပ်ရှားမှု၊ ဒေါသ၊ ရှုပ်ထွေးမှုများနှင့်ဘုရားသခင်ပေးအပ်သော အပြစ်ဒဏ်ခံစားရမှုများကို ဖွဲ့ဆိုခဲ့ခြင်းဖြစ် ကြောင်း အသက် (၂၄) နှစ်အရွယ် အဆိုတော်နှင့် တေးရေးဆရာရှီရန်က ပြောခဲ့သည်။
အေးပြည့်

No comments:

Post a Comment