Tuesday, June 2, 2015

ချန်ယွန်ဟွာ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ပြုလုပ်မည်



သရုပ်ဆောင်အဆိုတော် ချန်ယွန်ဟွာ၏တစ်ကိုယ်တော် သီဆိုဖျော်ဖြေပွဲကို တောင် ကိုရီးယားနိုင်ငံ ဆိုးလ် မြို့ရှိ အိုလံပစ်ပန်းခြံ၌ ဇူလိုင်၁၈ရက်နှင့် ၁၉ ရက်တို့တွင် ကျင်းပရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
မေ၂၉ ရက်တွင် FNC Entertainment မှ တာဝန်ရှိသူတစ်ဦးက အဆိုတော် ချန်ယွန်ဟွာ၏တစ်ကိုယ် တော်ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ''သူ့ရဲ့ အာရှခရီးစဉ်ဖျော်ဖြေပွဲပြီးတဲ့နောက်မှာ ပရိသတ်တွေက တောင်းဆို ကြတဲ့အတွက်One More Fine Day တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ မှာ ကျင်းပဖြစ်တာပါ'' ဟုပြောကြားခဲ့သည်။
အဆိုတော် ချန်ယွန်ဟွာသည် မတ်လအတွင်းက တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊တရုတ်၊ထိုင်းနှင့် ထိုင်ဝမ်တို့တွင် အာရှခရီးစဉ်အဖြစ် ဖျော်ဖြေပွဲများ ကျင်းပခဲ့ပြီး ယခု ပြုလုပ်မည့်တစ်ကိုယ်တော်ပွဲကိုလည်း သူ၏နောက်ဆုံးထွက်ရှိထားသည့် အခွေဖြစ်သည့် One Fine Day အမည်ဖြင့်ပြုလုပ် မည်ဖြစ်သည်။
ပန်းသော်တာ

No comments:

Post a Comment