Tuesday, June 2, 2015

ဟွန်းကီပြောတဲ့ သော့နှစ်ချောင်းရဲ့ အဓိပ္ပာယ်



တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ F.T.Island မှ အဖွဲ့ဝင်ဟွန်းကီက သူ့ရဲ့ ညာဘက်ပခုံးပေါ်မှာထိုးထားတဲ့ တက်တူးသော့နှစ်ချောင်း၏ပုံကို အင်စတာ ဂရမ်စာမျက်နှာပေါ်တွင် ဖော်ပြခဲ့ပြီး အဓိပ္ပာယ်ကိုပါ တစ်ပါတည်း ဖွင့်ဟခဲ့သည်။
ယခင်က တက်တူးများထိုးခဲ့ခြင်းမျိုးရှိခဲ့ပြီး ယခုသော့နှစ်ချောင်းပုံကို ထပ်မံထိုးခဲ့ခြင်းကာ အဆိုပါသော့များမှာ သူ၏ ဂီတလမ်းကြောင်းတစ်လျှောက် အဆင့်ဆင့်တက်လှမ်းသွားနိုင်ရန် တွေ့ကြုံရမည့် အသစ်အသစ်သော ပြောင်းလဲခြင်းတံခါးများကို ဖွင့်နိုင်သည့် ဝိဇ္ဇာသော့များကို ရည်ညွှန်း၍ထိုးခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
တက်တူးထိုးခြင်းအလေ့အကျင့်သည် ယခုနှစ်များတွင် သိသိသာသာ ရေပန်းစားလာပြီး အနုပညာရှင်များသည်လည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် တက်တူးများထိုးကြရာ အမျိုးသားများသာမက အမျိုးသမီးများပါ စွဲမက်သော အလေ့အကျင့်ဖြစ်လာသည်။ အနောက်နိုင်ငံများတွင် တက်တူး(ဆေးမင်ကြောင်) ပြပွဲများပင် ကျင်းပကာ မျက်လုံးအိမ်အတွင်း တက်တူးထိုးခြင်းများပင် ရှိလေသည်။
အေးပြည့်

No comments:

Post a Comment