Monday, June 29, 2015

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၁ဝ) ဒုတိယနေ့ပွဲစဉ်များ သရေဖြင့် အဆုံးသတ်




The Mirror Daily's photo.


ရန်ကုန် ဇွန် ၂၈

၂ဝ၁၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ပွဲစဉ်(၁ဝ)ဒုတိယနေ့ပွဲစဉ်များကို ယနေ့ညနေပိုင်း က ဆက်လက်ယှဉ်ပြိုင်သည်။

(အောင်ဆန်းကွင်း)
မကွေး - ဂိုးမရှိ
ချင်းယူနိုက်တက် - ဂိုးမရှိ

အမာခံကစားသမားများအစုံအလင် ပါဝင်လာသည့် မကွေးအသင်းမှာ ချင်းအသင်းကို ပွဲချိန်ပြည့်နီးပါး ခြေအသာဖြင့် ကစားနိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း အားနည်းမှုများကြောင့် သရေတစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ ဒုတိယနေရာမှ ဧရာဝတီ၊ တတိယနေရာမှ ရတနာပုံတို့၏ နိုင်ပွဲပျောက်ဆုံးမှုကို မကွေးအသင်း အသုံးမချနိုင်ခြင်းဖြစ်သည်။
ဆီးဂိမ်းယူ-၂၃ အသင်းမှ ကောင်းဆက်နိုင်၊ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ ယူ-၂ဝ အသင်းမှ နန္ဒကျော် နှင့် မောင်မောင်စိုး၊ လက်ရွေးစင်ကစားသမားများဖြစ်သည့် စိုးမင်းနိုင်နှင့်ဟိန်းဇာအောင်တို့ပါဝင်လာသည့် မကွေးအသင်းမှာ ပွဲစကတည်းက ချင်းအသင်းကို ဖိကစားနိုင်ခဲ့သည်။
သို့သော်တိုက်စစ်ပိုင်း၌ အချင်းချင်းနားလည်မှုလွဲနေ၍ ထိရောက်သည့်ဂိုးသွင်းခွင့်မရခဲ့ပေ။ ဒုတိယပိုင်းတွင် မကွေးအသင်းကသာ ဆက်လက်ဖိ ကစားနိုင်ခဲ့သော်လည်း ရရှိသည့် ဂိုးသွင်းခွင့်များကို ဆယ်လာ၊ ကောင်းဆက်နိုင်နှင့် ဟိန်းဇာအောင်တို့အသုံးမချနိုင်၍ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

(တောင်ကြီးကွင်း)
ကမ္ဘောဇ-နှစ်ဂိုး
(ကျော်ဇေယျာဝင်းနှင့်ဂျော်ဂျီ)

ရတနာပုံ-နှစ်ဂိုး
(မာတူနာနှင့်ရဲကိုဦး)

(သုဝဏ္ဏကွင်း)

ဟံသာဝတီ-ဂိုးမရှိ
ဇွဲကပင်-ဂိုးမရှိ

ပွဲစဉ်(၁ဝ)အပြီးတွင် ရန်ကုန်အသင်းက ရမှတ် ၃ဝ ဖြင့် ထိပ်ဆုံး၌ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဧရာဝတီ အသင်းက ၂၂ မှတ်၊ ရတနာပုံအသင်း က ရမှတ်၂ဝ၊ မကွေးအသင်းက ၁၉ မှတ်၊ ကမ္ဘောဇအသင်းက ၁၆ မှတ်တို့ ရရှိထားသည်။
သတင်းနှင့် ဓာတ်ပုံ - ရှိုင်းထက်ဇော်

No comments:

Post a Comment