Monday, June 29, 2015

ကျောက်ကြီးမြို့နယ် မုန်းချောင်း ရေလျှံ၍ မုန်း-အုတ်ဖြတ်လမ်းတံတားပေါ် ရေလွှမ်း





The Mirror Daily's photo.
 


ကျောက်ကြီး ဇွန် ၂၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းနယ်မြေတွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၂၄ ရက် မိုးကြီးမည့် သတိပေးချက်ထုတ်ပြန်ပြီးနောက် ဇွန်၂၄၊ ၂၅ နှင့် ၂၆ ရက် သုံးရက်ဆက် မိုးရွာသွန်းမှုများကြောင့် မုန်းချောင်းရေလျှံပြီး မုန်း-အုတ်ဖြတ်လမ်းပေါ်ရှိ တံတားပေါ် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့သည်။

''ဒီလိုတံတားပေါ်အထိရေကျော်တဲ့အဖြစ်မျိုး တစ်နှစ်မှ မဖြစ်ဖူးဘူး။မိုးကလဲ သုံးရက်အတွင်း ရွာတာတော်တော်များပါတယ်''ဟု မုန်းနယ်မြေမှ ဒေသခံတစ်ဦးက ပြောသည်။ မုန်းမှ အုတ်ဖြတ်၊ ဖြူးလမ်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။

မုန်းချောင်းကို စက်လှေနဲ့ ကူး၊ မုန်းတစ်ဖက်ကမ်းက မော်တော်ယာဉ် တွေနဲ့ခရီးဆက်သွားနေကြရသည်။ မုန်းချောင်းရေလျှံမှုနှင့်ပတ်သက်၍ ဒေသဆိုင်ရာအာဏာပိုင်များက လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
(သန်းထွန်း)

No comments:

Post a Comment