Tuesday, June 30, 2015

ပါရာဂွေးနဲ့ အာဂျင်တီးနားတို့ တွေ့ကြပြီ

 
 
 Myanmaalinn's photo.
 
ပါရာဂွေးအသင်းဟာ ချီလီနိုင်ငံမှာ ကျင်းပနေတဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ မထင်မှတ်ဘဲ ချန်ပီယံလမ်းကြောင်းကို ရောက်ရှိလာနေပြီလို့ ဆိုရမှာပါ။ ပါရာဂွေးအသင်းဟာ နာမည်ကြီး ဘရာဇီးအသင်းကို ကွာတားဖိုင်နယ်မှာ ပယ်နယ်တီ လေးဂိုး-သုံးဂိုးနဲ့နိုင်ပြီး ဆီမီးတက်သွားပြီဖြစ်ပါတယ်။ မန်စီးတီးတိုက်စစ်မှူးဟောင်း ရော်ဘင်ဟိုအနေနဲ့ ဘရာဇီး အသင်းအတွက် ၉၉ ပွဲမြောက် ပါဝင်ကစားရာမှာ ပွဲစပြီး ၁၅ မိနစ်အတွင်း ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် တီယာဂို ဆေးလ်ဗားရဲ့ ဒုတိယပိုင်းလက်ထိဘောနဲ့ ပယ်နယ်တီကန်ခွင့်ပေးခဲ့ရာမှာ ဂွန်ဇာလက်က ချေပဂိုးသွင်းယူခဲ့တဲ့အတွက် တစ်ဖက်တစ်ဂိုးစီဖြစ်ပြီး အချိန်ပိုနဲ့ ပယ်နယ်တီကစားချိန်မှာ ပါရာဂွေးက အနိုင်ရခဲ့ပါတယ်။
ဒီအနိုင်ပွဲရလဒ်ကြောင့် ပါရာဂွေးအသင်းဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကိုပါအမေရိကဖလားကို ဆွတ်ခူးနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိလာပြီလို့ ဆိုပါတယ်။ လာမယ့်ဇူလိုင် ၁ ရက်မှာ ပါရာဂွေးအနေနဲ့ အကြိုဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အခြားသော ဆီမီးပွဲအဖြစ် အိမ်ရှင်ချီလီနဲ့ ပီရူးတို့က ဇူလိုင် ၄ ရက်မှာ ကစားမှာဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment