Tuesday, June 30, 2015

သံတွဲမြို့၌ ရေကြီး၊ ရေလျှံမှုများ လျော့ကျသွားပြီဖြစ်သဖြင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

 
 
 Myanmaalinn's photo.
 
စစ်တွေ ဇွန် ၂၉
ရခိုင်ပြည်နယ် သံတွဲမြို့နယ်၌ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇွန် ၂၅ ရက်က ချောင်းရေများ အဆက်မပြတ် ဝင်ရောက်လာသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့ရာ အံတော် ဘုန်းတော်ကြီးကျောင်း၊ မြို့တော်ဦး ဘုန်းတော်ကြီးကျောင်း၊ ဆံတော် တောင်ခြေရှိ ဓမ္မာရုံတို့၌ ယာယီ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထား ရှိကာ ယင်းကယ်ဆယ်ရေးစခန်းများ ၌ အိမ်ထောင်စု ၆၉ စု၊ လူဦးရေ ၂၂၃ ဦးတို့အား ရွှေ့ပြောင်းထားရှိ ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဇွန် ၂၈ နှင့် ၂၉ ရက်တို့တွင် မိုးရွာသွန်းမှု လျော့နည်းသွားပြီး သံတွဲချောင်းရေကျဆင်းကာ မြို့ပေါ် ရပ်ကွက်များ၌ ရေကြီး၊ ရေလျှံမှု ကျဆင်းသွားပြီဖြစ်သဖြင့် ဌာနဆိုင်ရာ မှ တာဝန်ရှိသူများ၊ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်ဝန်ထမ်းများနှင့် ဌာန ဆိုင်ရာများ စုပေါင်း၍ အမှိုက် သရိုက်၊ ရွှံ့ညွန်နုန်းမြေများ ရှင်းလင်း ခြင်း၊ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများ ကျိုးကျနေမှု များကို ပြန်လည်ရှင်းလင်းဖယ်ရှား ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အလားတူ မိုးသည်းထန်စွာ ရွာသွန်း၍ အမ်းချောင်းရေလျှံတက် မှုကြောင့် အမ်းချောင်းကမ်းနားရှိ လူနေအိမ်များ၊ အမ်းမြို့အနီး လေးမိုင် ခန့်ကွာဝေးသောနေရာရှိ လူနေအိမ် များ ရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး လက်ရှိအခြေအနေတွင် မိုးရွာသွန်းမှု လျော့နည်းသွားပြီဖြစ်သဖြင့် ရေကြီး ရေလျှံမှု ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ရေကြီးမှုများကြောင့် လမ်းပျက်စီးမှုများ ဖြစ်သည့်အတွက် မြို့တွင်းသွားလာသည့် ယာဉ်များ၊ အဝေးပြေးမော်တော်ယာဉ်များ ဖြတ် သန်းသွားလာ၍ မရသေးကြောင်းနှင့် အမ်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-စစ်တွေ ကားလမ်းမကြီး၊ အမ်း-မင်းဘူး မိုင်တိုင်အမှတ် (၆၂/ ၅) အမ်းတောင် အုပ်စု ပိန်းရေစမ်းကျေးရွာနှင့် ကန်မြင်းကန်ကျေးရွာကြား၌ အလျား ပေ ၁၅ဝ၊ အနံပေ ၂ဝ ခန့် ကားလမ်း မြေပြိုမှုဖြစ်ပွားခဲ့ရာ လမ်းအထူး အဖွဲ့(၁၆)မှ ပြန်လည်ပြုပြင်ဆောင် ရွက်လျက်ရှိသည်။
အလားတူ တောင်ကုတ်မြို့နယ် ၌ ဇွန် ၂၄ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ယခုရက်ပိုင်း အတွင်း မိုးရွာသွန်းမှု လျော့နည်း သွားပြီဖြစ်သဖြင့် ရေများ ပြန်လည် ကျဆင်းသွားပြီဖြစ်ကြောင်း သိရှိရ သည်။
(ပြည်နယ် ပြန်/ဆက်)

No comments:

Post a Comment