Tuesday, June 30, 2015

တစ်နှစ်အတွင်း ဂရင်းဆလမ်ဖလားလေးလုံးရယူသွားမယ်ဆိုတဲ့ ဆီရီနာဝီလျံ

 
 
 Myanmaalinn's photo.
 
တစ်နှစ်တာအတွင်း ဂရင်းဆလမ်ဖလားလေးလုံးစလုံးကို ရယူသွားမယ်လို့ ကမ္ဘာကျော်ဂေါက်သီးကစားသမား ဂျက်နစ်ကလော့ရဲ့ ဂေါက်သီးကွင်းမှာ လေ့ကျင့်နေတဲ့ ဆီရီနာဝီလျံက ပြောဆိုလိုက်ပါတယ်။
ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမေရိကန်သူ ဆီရီနာဝီလျံဟာ ၂ဝ၁၅ ခုနှစ်အတွင်းမှာ သြစတြေးလျအိုးပင်းဖလားနဲ့ ပြင်သစ်အိုးပင်းဖလား တွေကို ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ဖလားနဲ့ အမေရိကန်အိုးပင်း ဖလားတို့ကို ဆွတ်ခူးဖို့ အပြင်းအထန်ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ဆီရီနာဝီလျံဟာ ဝင်ဘယ် ဒန်ဖလားနဲ့ အမေရိကန်ဖလားတို့ကို ဆွတ်ခူးနိုင် မယ်ဆိုရင် ၁၉၈၈ ခုနှစ် နောက်ပိုင်း စတက်ဖီဂရပ်(ဖ်)ပြီးနောက် တစ်နှစ်တာ အတွင်း ဂရင်းဆလမ်ဖလားလေးလုံး ဆွတ်ခူးနိုင်တဲ့ အမျိုးသမီးဖြစ်လာမှာ ဖြစ်ပါတယ်။ ကျွန်မနဲ့ ဗီးနပ်စ်တို့ဟာ ဂျက်နစ်ကလော့ရဲ့ ဂေါက်သီးအား ကစားကွင်းမှာ လေ့ကျင့်နေကြပါတယ်လို့ ဆီရီနာဝီလျံက ဆိုပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နစ်ကလော့ဟာ ကမ္ဘာကျော်ဂေါက်သီးကစားသမား တစ်ဦးဖြစ်ပါတယ်။ သူဟာ မာစတာဖလားခြောက်လုံးအပါအဝင် အဓိကဖလား ၁၈ လုံးအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဂေါက်သီးကစားသမားကြီးဖြစ်ပါတယ်။
ကောင်းမြတ်သူ

No comments:

Post a Comment