Tuesday, June 2, 2015

စီအယ်လ်အမ်ဗွီနှင့်အက်မက်စ်ထိပ်သီးအစည်းအဝေးများကျင်းပနိုင်ရန် သတ်မှတ်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရမည်ဖြစ်


 
နေပြည်တော် ဇွန် ၁
(၇)ကြိမ်မြောက် ကမ္ဘောဒီးယား- လာအို-မြန်မာ-ဗီယက်နမ် (စီအယ်လ် အမ်ဗွီ) ထိပ်သီးအစည်းအဝေးနှင့် အဆိုပါလေးနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည့် (၆)ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖယား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (အက်မက်စ်)ထိပ်သီးအစည်းအဝေး များ ကျင်းပရေး ဗဟိုဦးစီးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့ ညနေ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါအစည်းအဝေးများ ကျင်းပရေး ဗဟိုဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်အမှာစကား ပြောကြား သည်။
အဆိုပါ အစည်းအဝေးသို့ စီအယ်လ်အမ်ဗွီ၊ အက်မက်စ်နှင့်ဆက် စပ်အစည်းအဝေးများ ကျင်းပရေး ဗဟိုဦးစီးကော်မတီဝင် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက စီအယ်လ်အမ်ဗွီ နှင့် အက်မက်စ်ထိပ်သီးအစည်း အဝေးများကို ၂ဝ၁၃ ခုနှစ် မတ်လ က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့ပြီး (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီထိပ်သီး အစည်း အဝေးနှင့် (၆)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ ၌ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခင်က စီအယ်လ်အမ်ဗွီထိပ်သီး အစည်းအဝေးများကို ၂ဝဝ၄ ခုနှစ် တွင် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ လည်းကောင်း၊ ၂ဝဝ၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌လည်း ကောင်း၊ ၂ဝ၁ဝ ခုနှစ်တွင် ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့၌လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လာအိုနိုင်ငံ ဗီယင် ကျန်းမြို့၌ လည်းကောင်း အသီးသီး ကျင်းပခဲ့ပါကြောင်း၊ ကုန်သွယ်ရေး နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် စက်မှုစွမ်းအင်၊ သတ္တုရှာဖွေရေး၊ ရေအားလျှပ်စစ်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း အဖြစ်လေးနိုင်ငံခရီးစဉ်စသည့် ကဏ္ဍများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်း အဝေးကို နှစ်နှစ်လျှင်တစ်ကြိမ် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ဆက်စပ်အစည်းအဝေး များကိုလည်း ကျင်းပနိုင်ခဲ့ပါကြောင်း။
ဆက်စပ်ထိပ်သီးအစည်းအဝေး များသို့ အက်မက်စ်နိုင်ငံအသီးသီးမှ စီးပွားရေးကောင်စီနှင့် စီးပွားရေးအဖွဲ့ အစည်းများ ပါဝင်တက်ရောက်ကြ မည်ဖြစ်ပါကြောင်း၊ စီအယ်လ်အမ်ဗွီ နှင့် အက်မက်စ် ထိပ်သီးအစည်း အဝေးများကို ယခင်က သီးခြားစီ ကျင်းပခဲ့သော်လည်း၂ဝဝ၈ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံမှစတင်၍ ပူးတွဲကာ တစ်ဆက်တည်းကျင်းပခဲ့ပါကြောင်း၊ စီအယ်လ်အမ်ဗွီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးများ ကျင်းပ နိုင်ရန် သတ်မှတ်တာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်း အဝေးနှင့် (၆)ကြိမ်မြောက် အက်မက်စ် ထိပ်သီးအစည်းအဝေး များကျင်းပရေး ဗဟိုဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ (၇)ကြိမ်မြောက် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးနှင့် (၆)ကြိမ် မြောက် အက်မက်စ် ထိပ်သီးအစည်း အဝေးများ အောင်မြင်စွာ လက်ခံ ကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ရှင်း လင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဆပ်ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှုများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုဦးစီးကော်မတီ ဥက္ကဋ္ဌက ရှင်းလင်းတင်ပြချက်များ နှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း နိုင်ငံအစိုးရအဖွဲ့အကြီးအကဲများ စတင်စုစည်းခဲ့သည့် ဧရာဝတီ- ကျောက်ဖယား- မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ပထမအကြိမ် ထိပ်သီး အစည်းအဝေးကို ၂ဝဝ၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ ပထမအကြိမ်ကျင်းပနိုင်ခဲ့ပြီး အက်မက်စ်၏ ရှေ့လုပ်ငန်းစဉ်နှင့် ပုဂံကြေညာစာတမ်းကို ထုတ်ပြန် ကြေညာနိုင်ခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် အက်မက်စ်သို့ ဗီယက်နမ်နိုင်ငံ ပါဝင် လာသဖြင့် ယခုအခါ အဖွဲ့ဝင်ငါးနိုင်ငံ ရှိလာခဲ့ပြီ ဖြစ်သည်။
ပထမအကြိမ် စီအယ်လ်အမ်ဗွီ ထိပ်သီးအစည်းအဝေးကို ၂ဝဝ၄ ခုနှစ် တွင် လာအိုနိုင်ငံ၌ ကျင်းပခဲ့ပြီး CLMV အင်္ဂလိပ်အက္ခရာစဉ်အရ (၇) ကြိမ်မြောက် စီအယ်လ်အမ်ဗွီနှင့် အက်မက်စ်ထိပ်သီးအစည်းအဝေးများ ကို မြန်မာနိုင်ငံ၌ ကျင်းပခြင်းဖြစ် သည်။ (သတင်းစဉ်)

No comments:

Post a Comment