Tuesday, June 2, 2015

တပ်မတော်နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ရေးဆွေးနွေး


 
နေပြည်တော် ဇွန် ၁
ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ် ဦးစီးချုပ်အား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ရုရှားဖက် ဒရေးရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ် Colonel General OLEG
L.SALYUKOV တို့သည် ဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကြပြီး (အပေါ်ယာပုံ) ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဆက်လက်ပြီး ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ် ဦးစီးချုပ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့နှင့် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ တက် ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. VASILY
B.POSPELOV ၊စစ်သံမှူး Colonel
DMITRY S.GUROV ၊ နှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှုတိုးမြှင့် ဆောင်ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံ တပ်မတော်အရာရှိကြီးများ ချစ်ကြည် ရေးခရီး အပြန်အလှန် သွားရောက်ခဲ့ မှုကိစ္စရပ်များ၊ နည်းပညာနှင့် ဘာသာ စကားပညာရပ်ဆိုင်ရာများ ပူးပေါင်း သင်ကြားပို့ချရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ ကြောင်း သတင်းရရှိသည်။ (မြဝတီ)

No comments:

Post a Comment