Tuesday, June 2, 2015

စွန့်ပစ်ပစ္စည်းများထိန်းချုပ်ရေးဥပဒေပေါ်ထွက်လာနိုင်ရေးကို ကဏ္ဍများအလိုက်ဆောင်ရွက်

 


နေပြည်တော် ဇွန် ၁
ပထမအကြိမ် အမျိုးသားလွှတ် တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၅၅)ရက် မြောက်နေ့ ကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပသည်။
အစည်းအဝေးတွင် ဧရာဝတီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးခင်မောင်ရီ၏ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းကြီးများတွင် အစိုးရသက်သေအဖြစ် ထွက်ဆို ပေးနိုင်ရန်အတွက် သက်သေ၏လုံခြုံရေးကို အာမခံနိုင်သော သက်သေအကာအကွယ်ပေးမှု အစီ အစဉ်များလုပ်ဆောင်၍ မှုခင်းများ ဖော်ထုတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက မှုခင်းကြီး များတွင် အစိုးရသက်သေအဖြစ် ထွက်ဆိုမည့် ပုဂ္ဂိုလ်များ၏ လုံခြုံရေး စိုးရိမ်ရပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် အထူးကိစ္စတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားပြီး စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် သက်သေ၏ လုံခြုံရေးကို အာမခံနိုင်သော Witness Protection
Programm များကို သီးခြား ရေးဆွဲဆောင်ရွက်ထားခြင်း မရှိသော် လည်း ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတွင် ပြဋ္ဌာန်းထား သော လူ့ကိုယ်ကို ထိခိုက်စေသော ပြစ်မှုများနှင့် ကာကွယ်ခုခံပိုင်ခွင့် များအရ သက်သေတစ်ဦးတစ်ယောက် အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်များရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အစွမ်းကုန် အလေးထား စောင့်ရှောက်ပေးသွားမည် ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမော် ထွန်း၏ ပြည်သူများ၏ ကျန်းမာရေး၊ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ထိန်းသိမ်းရေးတို့အတွက် ပလတ် စတစ် သုံးစွဲမှုလျှော့ချရေး၊ ကင်းစင် ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး အသိရှိရှိ ပါဝင်လာအောင် ဆောင် ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ခင်ဝိုင်း ကြည်က ပလတ်စတစ်ကြောင့် ထွက် ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျထိန်းသိမ်း အသုံးချသွား ရန် လိုအပ်ပါကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လူ့ကျန်းမာရေး ထိခိုက်မှုမရှိစေရန် ပြည်သူလူထု အပိုင်းကလည်း ပလတ်စတစ်ကို အတတ်နိုင်ဆုံးလျှော့ချသုံးစွဲသွားရန် နှင့် နိုင်ငံတော်အပိုင်းက စွန့်ပစ်ပစ္စည်း များကို ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထိန်းချုပ်သွားရန် လိုအပ် သကဲ့သို့ အသိပညာပေးလုပ်ငန်းများ ကိုလည်း ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း ဆွေးနွေးသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာဝင်းမြင့်က စွန့်ပစ် ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေ ပေါ်ထွက်လာနိုင်ရေးကို ကဏ္ဍများ အလိုက် ဆောင်ရွက်သင့်ပြီး ပလတ် စတစ်ပစ္စည်းစွန့်ပစ်ရေးကိစ္စကို ဥပဒေ ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းသင့်ပါကြောင်း၊ ဥပဒေ မပြုမီကာလ၌ ပြည်သူလူထုအတွင်း အသိပညာဖြန့်ဖြူးရေးလုပ်ငန်းများ ကို တိုးမြှင့်ဆောင်ရွက်သင့်ပါ ကြောင်းနှင့် အဆိုကို မှတ်တမ်းတင် သင့်ပါကြောင်းဖြင့် ဆွေးနွေးရာ လွှတ်တော်က အဆိုကိုအတည်ပြု ကြောင်း ဆုံးဖြတ်သည်။ (သတင်းစဉ်)
 

No comments:

Post a Comment