Monday, June 29, 2015

မန္တလေးမဟာမုနိဘုရားကြီး ဝါဆိုခြင်းအလှခတ်ပွဲတော်တွင် ပြည်ပနိုင်ငံမှ ခြင်းလုံးဝါသနာရှင်များ လာရောက်ပါဝင်ဆင်နွှဲမည်



The Mirror Daily's photo.


မန္တလေး ဇွန် ၂၈

(၈၇)ကြိမ်မြောက် မန္တလေးမဟာမုနိဘုရားကြီး ဝါဆိုခြင်းအလှခတ်ပွဲတော်တွင် ပြည်တွင်းမှ ခြင်းအသင်းပေါင်း ၁၈ဝဝ နှင့်အတူ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီနှင့် ထိုင်းနိုင်ငံတို့မှ ခြင်းလုံးဝါသနာရှင်များ လာရောက်ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း အဆိုပါ ဝါဆိုခြင်း အလှခတ်ပွဲတော်ကျင်းပရေး ကော်မတီအတွင်းရေးမှူး ဦးကျော်သိန်းထံမှ သိရသည်။

''မန္တလေးတိုင်းဒေသကြီးအတွင်း မြို့ကြီးတွေက ခြင်းအသင်းတွေနဲ့ ရန်ကုန်၊ ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ မြစ်ကြီးနား၊ မိုးကုတ်၊ ထားဝယ်၊ မြိတ်စတဲ့ နိုင်ငံအနှံ့ အပြားမြို့ကြီးတွေက ခြင်းလုံးဝါသနာရှင်၊ ပညာရှင်ခြင်း အသင်းတွေ စုစုပေါင်းအသင်း ၁၈ဝဝ နဲ့အတူ အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ ဂျာမနီနှင့် ထိုင်းနိုင်ငံတို့က ခြင်းလုံး ဝါသနာရှင်အသင်းတွေ လာရောက်ပါဝင်ဆင်နွှဲဖို့အတွက် ဆက်သွယ်ထားပါတယ်''ဟု ၎င်းကဆက်လက် ပြောသည်။

မဟာမုနိဘုရားကြီး ဝါဆိုခြင်းအလှခတ်ပွဲတော်တွင် ခြင်းအသင်းပေါင်း ၁၈ဝဝ ကျော်အနက် တစ်နေ့လျှင် ခြင်းအသင်းပေါင်း ၃ဝ မှ တစ်သင်းလျှင် မိနစ် ၃ဝ ခြင်းလုံး အလှခတ်ပြကြမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ည ၁၂ နာရီအထိ ခြင်းအလှခတ်ပွဲကို နေ့စဉ်ကျင်းပလျက်ရှိသည်။ အဆိုပါ ခြင်းအလှခတ်ပွဲတော်ကို ဇွန် ၃ ရက်မှ သြဂုတ် ၁ ရက်(ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်နေ့) အထိ ရက်ပေါင်း ၆ဝ ကျော် ကျင်းပလျက်ရှိကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)

No comments:

Post a Comment