Tuesday, June 2, 2015

မန်စီးတီးမှာပဲ ဆက်ရှိနေဖို့ သေချာတဲ့ ယာယာတိုရေး



မန်စီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးသည် အစောပိုင်းက အင်တာ သို့ပြောင်းရွှေ့ရန် အလားအလာများနေခဲ့ သော်လည်း ယခုမူ ၎င်းအနေဖြင့် နောက် နှစ်ဘောလုံးရာသီတွင် မန်စီးတီး၌သာ ဆက်လက် ရှိနေရန်သေချာသည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ တိုရေးက မန်စီးတီးနှင့် ချုပ်ဆိုထားသော စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ မန်စီးတီးတွင်သာ ဆက်လက်ရှိနေရန် ဆုံးဖြတ်ထားသည်ဟု ဆိုခဲ့သည်။
အစောပိုင်းကာလက တိုရေး၏ ကိုယ်စားလှယ် ဒီမီထရီဆီးလက်စ်က ယခုနှစ်နွေတွင် တိုရေးအနေဖြင့် မန်စီးတီးမှ ထွက်ခွာရန် ၉ဝ ရာခိုင်နှုန်း သေချာကြောင်းဆိုခဲ့သေးသည်။
တိုရေးက ''ကျွန်တော် မန်စီးတီးမှာပဲ ဆက်ရှိနေဖို့ သေချာပါတယ်။ ပရိသတ်တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူပန်စရာမလိုတော့ပါဘူး။ အသင်း တိုးတက်ဖို့နဲ့ ရလဒ်ကောင်းဖို့ ကျွန်တော်စွမ်းဆောင်နိုင်သမျှ ကြိုးစားပေး သွားမှာပါဗျာ။ ဒီနှစ်ဘောလုံးရာသီထက် နောင်နှစ်မှာ ရလဒ်ပိုင်းတိုးတက် လာစေဖို့က ကျွန်တော်ရဲ့ ဦးစားပေးအလုပ်ပါ။ နောက်နှစ် အနည်းငယ်အကြာမှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိပေမယ့် စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ မန်စီးတီးမှာ ရှိနေမှာတော့ သေချာတဲ့ကိစ္စရပ်ပါ''ဟု ပြောကြားခဲ့သည်။
အဆိုပါ အိုင်ဗရီကို့စ် ကွင်းလယ်လူက ဆရာဟောင်း မန်စီနီကြောင့် အင်တာသို့ သွားရောက်ကစားချင် သော်လည်း ¤င်း၏ တစ်ပတ်လုပ်ခ လစာ ပေါင် ၂၅ဝဝဝဝ ကိုပေးချေရန် အင်တာဘက်မှ အခက်အခဲတစ်ရပ်ဖြစ်နေခဲ့ရာ အပြောင်းအရွှေ့မှာ ပျက်ပြယ်ခဲ့ရသည်။ တိုရေး၏ မန်စီးတီးနှင့် ချုပ်ဆိုထား သော စာချုပ်သက်တမ်းမှာ ၂ဝ၁၇ ခုနှစ်အထိ ဖြစ်သည်။
ရိုင်ယန်ဟေဒင်

No comments:

Post a Comment