Tuesday, June 2, 2015

ချယ်လ်ဆီးအသင်းသို့ ပြောင်းရန် ဖယ်လ်ကာအို ဆွေးနွေးလျက်ရှိ



မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် ရောက်ရှိနေသည့် မိုနာကိုအသင်းမှ ကိုလံဘီယာ တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ချယ်လ်ဆီး အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
တိုက်စစ်မှူး ဖယ်လ်ကာအိုသည် ပရီမီယာလိဂ်ချန်ပီယံချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားရန် ပစ်မှတ်ထားလျက်ရှိသည်။ ထို့ပြင် ဖယ်လ်ကာအိုအနေဖြင့် လုပ်ခလစာတိုးမြင့်ရရှိရန် ဆန္ဒရှိနေပြီး တိုက်စစ်မှူး ဖယ်လ်ကာ အို၏ လက်ရှိ မိုနာကိုအသင်းနှင့် တစ်ပတ်လုပ်ခလစာပေါင် ၂၆၅ဝဝဝ ဖြင့် စာချုပ်သက်တမ်းမှာကျန်ရှိနေသေးသည်။
ဖယ်လ်ကာအိုသည် ပြီးခဲ့သည့်ဘောလုံး ရာသီက မိုနာကိုအသင်းမှ မန်ယူအသင်းသို့ အငှားစာချုပ်ဖြင့် လာရောက်ကစားခဲ့ပြီး မိုနာကို အသင်းအနေဖြင့် ¤င်းတို့၏ ဘဏ္ဍာရေးပြဿနာ ကို ဖြေရှင်းရန် ရောင်းချဖွယ်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ကိုလံဘီယာတိုက်စစ်မှူး ဖယ်လ်ကာအိုသည် လာမည့်ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်း၏ အရေးပါသည့်ကစားသမား တစ်ဦးဖြစ်လာရန် ပစ်မှတ်ထားနေပြီး ချယ်လ်ဆီး အသင်းနည်းပြ မော်ရင်ဟိုကလည်း တိုက်စစ်မှူး ဖယ်လ်ကာအိုအား စာချုပ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဖယ်လ်ကာအိုသည် ကိုပါအမေရိကပြိုင်ပွဲ မတိုင်မီ ၎င်း၏အနာဂတ်နှင့်ပတ်သက်၍ အပြီး အပြတ်ပြန်လည်ဖြေရှင်းသွားရန်လည်း ဆန္ဒရှိနေသည်။
ငွေကြယ်

No comments:

Post a Comment