Tuesday, June 2, 2015

ဆေးလိပ် မီးအပူပေး (ကျပ်တင်)ရာမှ မီးလောင်






မြင်းခြံ ဇွန် ၁

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၁ဝ)ရပ်ကွက်တွင် ဇွန် ၁ ရက် နံနက် ၂ နာရီ မိနစ် ၅ဝ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အမှတ်(၁ဝ) ရပ်ကွက်ရှိ ဒေါ်မြတ်သူထွေး၏ တစ်ထပ်တိုက် နေအိမ်မှ ဆေးလိပ်များကို မီးအပူ ပေး(ကျပ်တင်)ရာမှ မီးစတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှု ကြောင့် တစ်ထပ်တိုက်နေအိမ် နှစ်လုံး၊ သွပ်မိုး၊ ထရံကာနေအိမ် တစ်လုံး၊ ပစ္စည်းသိုလှောင်ရာဂိုဒေါင်နှစ်လုံး လောင်ကျွမ်းပျက်စီးခဲ့သည် ။

မီးလောင်မှုဖြစ်ပွားရာသို့ မြင်းခြံ ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး၊ စည်ပင်အမှုဆောင် အရာရှိတို့မှ အနီးကပ်ကြီးကြပ်၍ မီးသတ်ဦးစီးမှူး ကျော်သူရနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံအရံ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြင်းခြံ မြို့နယ်မီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ် ခြောက်စီး၊ သံမဏိစက်ရုံမှ မီးသတ်ယာဉ် နှစ်စီး၊ စက်မှုဇုန်မှ မီးသတ်ယာဉ်တစ်စီး၊ စည်ပင် သာယာရေးအဖွဲ့မှ ရေသယ်ယာဉ် သုံးစီး၊ တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့မှ မီးသတ်ယာဉ် နှစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ မိနစ် ၄ဝ တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းနှင့် ဆေးလိပ် မီးအပူပေး (ကြပ်တင်)သူ အလုပ်သမားခေါင်းဆောင် ကိုမောင် နိုင် (၃၃) နှစ်အား မြင်းခြံမြို့မရဲစခန်း မှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည် ။


ဇော်မင်းနိုင်(မြင်းခြံ)

No comments:

Post a Comment