Tuesday, June 2, 2015

ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အုပ်စုပွဲများစ ၊ မြန်မာနှင့်အင်ဒိုနီးရှားတို့ ယနေ့ကစားမည်

 
 
 Myanmaalinn's photo.
 
စင်ကာပူ ဇွန် ၁
(၂၈) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို စတင်ကျင်းပနေပြီဖြစ်ပြီး မြန်မာ အသင်းမှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် အင်ဒိုနီးရှားအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းပါဝင်သော အုပ်စု (က)ပွဲစဉ်များကို ဇွန် ၁ ရက်က စတင် ကျင်းပခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်အဖြစ် အိမ်ရှင်စင်ကာပူအသင်းနှင့် ဖိလစ် ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ သည်။ မြန်မာအသင်းမှာ ပွဲစဉ်ရေး ဆွဲထားမှုအရ ထိပ်သီးနှစ်သင်းနှင့် ကစားရမည်ဖြစ်ရာ နောက်တစ်ဆင့် တက်ရေးအတွက် ရှေ့နှစ်ပွဲမှာ အရေးပါလျက်ရှိသည်။ မြန်မာ အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ သည် ဇွန် ၂ ရက်(ယနေ့) မြန်မာ စံတော်ချိန် ည ၇ နာရီတွင် စင်ကာပူ နိုင်ငံရှိ ဂျလန်းဘီဆာကွင်း၌ ယှဉ် ပြိုင်ကစားမည်။
မြန်မာအသင်းမှာ အင်ဒိုနီးရှား အသင်းနှင့် ကစားအပြီး ဇွန် ၄ ရက် တွင် အိမ်ရှင်စင်ကာပူအသင်း၊ ဇွန် ၇ ရက်တွင် ဖိလစ်ပိုင်အသင်း၊ ဇွန် ၁ဝ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့ နှင့် ကစားရမည်ဖြစ်သည်။ မြန်မာ အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ သည် ၂ဝ၁၃ ဆီးဂိမ်းပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်တွင် တွေ့ဆုံခဲ့ဖူးပြီး မြန်မာအသင်းမှာ အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ကာပြိုင်ပွဲမှထွက်ခဲ့ ရသည့် ရှုံးကြွေးကို ပြန်ဆပ်ရမည် ဖြစ်သည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် တစ်လကျော် အချိန်ယူပြင်ဆင်ထားပြီး ပြည်တွင်း အသင်းအများအပြားနှင့် ခြေစမ်းပွဲ များကစားထားကာ ပြည်ပ ခြေစမ်းပွဲ အဖြစ် ထိုင်းနှင့် ဗီယက်နမ် နှစ်သင်း သာ ကစားထားသည်။ ယခု ဆီးဂိမ်း ပြိုင်ပွဲကို စင်ကာပူနိုင်ငံရောက် မြန်မာဘောလုံးပရိသတ် အများ အပြား လာရောက်အားပေးရန် စီစဉ်ထားကြောင်း သိရသည်။
ဖိုးသော်ဇင်

No comments:

Post a Comment