Monday, June 1, 2015

မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ




The Mirror Daily's photo.


ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး နေ့ကို အထူးအလေးထားလျက် မေ ၂၆ ရက်မှ ဇွန် ၂၆ ရက်အထိ ပြည်သူလူထုဗဟိုပြုသော လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသအတွင်း မဲခေါင်စစ်ဆင်ရေး (၂) စီမံချက်အား ဆောင်ရွက်လျက် ရှိရာ မေ ၂၈ ရက်က မူးယစ် တပ်ဖွဲ့ စု (၁ဝ၄) နေပြည်တော်နှင့် မူးယစ် တပ်ဖွဲ့စု(၃ဝ)တာချီလိတ်မှ တပ်ဖွဲ့ ဝင်များသည် တာချီလိတ်မြို့ ဝမ်မိုင် ရပ်ကွက် အခန်းအမှတ်(A-၂ဝ)နေ ညီညီ(ခ)အားချင်၏ နေအိမ်ခန်းကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ သိမ်းဆည်းရမိသဖြင့် ညီညီ(ခ) အားချင် (၂၈)နှစ် အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်းသိရသည်။

လားရှိုး

ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသအတွင်း ရွှေလီစစ်ဆင်ရေး(၂) စီမံ ချက်အား ဆောင်ရွက်လျက်ရှိရာ မေ ၂၇ ရက်က မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးနှင့် မူးယစ်တပ်ဖွဲ့စု (၁ဝ၂) နေပြည်တော်မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ မြို့ရှောင်လမ်း အေးရှား ဝေါလ်တိုးဂိတ်တွင် မူဆယ်မှ လားရှိုးသို့ ကာစင်(ခ)အောင်ထွန်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် နှစ်ခွက် (ဘိန်းဖြူ အလေးချိန် သုည ဒသမ ဝ၂၂ ကီလို) နှင့် ကပ်ခွာအိတ်ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ တို့ကို သိမ်းဆည်းရမိသဖြင့် ကာစင် (ခ) အောင်ထွန်း (၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ကျိုင်းတုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသ အတွင်း မဲခေါင်စစ်ဆင်ရေး (၂) စီမံ ချက်အား ဆောင်ရွက်လျက်ရှိရာ မေ ၂၆ ရက်က ကျိုင်းတုံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့ ကျိုင်းယင်းရပ် ရပ်ကွက်(၄)နေ စိုင်းလုံးကျောက်၏ နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ စိုင်းရီရှဲန်အား တွေ့ရှိရပြီး စိုင်းလုံး ကျောက်ထံမှ အအေးစုပ်ပိုက်များ ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၁၄၄ ပြား၊ အိပ်ခန်း တံခါးဘောင်ပေါ်မှ အအေးစုပ်ပိုက် ဖြင့်ထည့်လျက် စိတ်ကြွရူးသွပ် ဆေးပြား ၃၆ ပြား စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ဝ သိမ်း ဆည်းရမိသဖြင့် စိုင်းလုံးကျောက် (၅၁) နှစ်၊ စိုင်းရီရှဲန် (၁၈) နှစ်တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့် စိတ် ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်း သိရသည်။

အောင်မြေသာစံ

မူးယစ်တပ်ဖွဲ့စု(၁၈)မန္တလေး (တောင်ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၈ ရက်က အောင်မြေသာဇံမြို့နယ် ပိုက်ကျုန်းရပ်ကွက် ၂၆(ဘီ)လမ်းရှိ ''ရွှေမြန်မာ'' ဘီယာဆိုင်တွင် ရောက်ရှိနေသူ မခင်သင်း(ခ)မသင်း၊ မရွှေမန်းရီနှင့် မထွေးခင်တို့ သုံးဦးအားရှာဖွေရာ ဘိန်းဖြူ အလေးချိန် (သုည ဒသမ ၂၄၂ ကီလို) သိမ်းဆည်းရမိသဖြင့် မခင်သင်း(ခ)မသင်း (၄ဝ) နှစ်၊ မရွှေမန်းရီ (၅၃)နှစ်နှင့် မထွေးခင် (၃၃)နှစ်တို့ သုံးဦး အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ကြေးမုံ)

No comments:

Post a Comment