Monday, June 1, 2015

နံပါတ်မပါ ၁ဝ ဘီးယာဉ်ပေါ်မှ ကျွဲနွားများ ဖမ်းမိ




The Mirror Daily's photo.


 


ကြံခင်း မေ ၃၁

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် အုတ်ပုံစုပေါင်းစစ်ဆေးရေး ဂိတ်၌ မေ ၂၉ ရက် နံနက် ၁၁ နာရီခန့်တွင် ကျွဲ/နွားများတင်ဆောင်ထားသော နံပါတ်မပါ ၁ဝ ဘီးယာဉ်တစ်စီးမှာ စစ်ဆေးရေးဂိတ်၌ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း စစ်ဆေးရေးဂိတ်မှ တာဝန်ကျတပ်ဖွဲ့ဝင်တို့က ဘက်ရဲ နယ်မြေရဲစခန်းသို့ အကြောင်းကြားရာ တပ်ဖွဲ့ဝင်များက ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၃ဝ/၃) နှင့် (၁၃ဝ/၄) အကြား အုတ်ပုံ ဆန်စက်ကုန်းအနီး လမ်းမပေါ်၌ တားဆီးရမိကြောင်း သိရသည်။

ယာဉ်မောင်းဇော်ထိုက်နှင့် ကျွဲပိုင်ရှင်၊ နွားပိုင်ရှင်တို့အား စစ်မေးရာ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပေါက်နွယ်စမ်းကျေးရွာအုပ်စုမှ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျစ်ပင်နယ်မြေရဲစခန်းပိုင် ကိုင်းကြီးအုပ်စု ပိန္နဲခုံကျေးရွာသို့ ကျွဲနွားသယ်ဆောင်ခွင့်လက်မှတ်မပါရှိဘဲ ကျွဲနွား ၁၁ ကောင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသည်။ (ဧရာဦးသာ)

No comments:

Post a Comment